ရန်ကုန်၊ နိုဝင်ဘာ ၁၈
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)မှ မသန်စွမ်း သူများ နေ့ အထိမ်းအမှတ် ပြိုင်ပွဲများ ပြုလုပ်ရန် အဖွဲ့ဝင်များ ဖိတ်ခေါ်ထားကြောင်း သိရသည်။
နိုဝင်ဘာလ ၁၇ ရက်နေ့ ရက်စွဲဖြင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ပြိုင်ပွဲများအတွက် ပြိုင်ပွဲဝင်များ ဖိတ်ခေါ်ထားကြောင်း၊ ယာယီ(သို့မဟုတ်) အမြဲတမ်း မသန်စွမ်းဖြစ်မှု အပါအဝင် မည်သည့် မသန်စွမ်းသူမဆို ဝင်ရောက် ယှဉ်ပြိုင်နိုင်ပါကြောင်း သိရသည်။
ဆုငွေအဖြစ် ပထမဆု – ကျပ်ငွေ သုံးသိန်း (၃၀၀,၀၀၀ ကျပ်)၊ ဒုတိယဆု – ကျပ်ငွေ နှစ်သိန်း (၂၀၀,၀၀၀ ကျပ်)နှင့် တတိယဆု – ကျပ်ငွေ တစ်သိန်း (၁၀၀,၀၀၀ ကျပ်)တို့ ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲ အမျိုးအစားများအဖြစ် (၁) ကဗျာ (ယာယီ/အမြဲတမ်း မသန်စွမ်းသူများ ဝင်ရောက် ယှဉ်ပြိုင်ရန်)၊ (၂) ကာတွန်း (ယာယီ/အမြဲတမ်း မသန်စွမ်းသူများ ဝင်ရောက် ယှဉ်ပြိုင်ရန်)၊ (၃) ပန်းချီ (ဉာဏ်ရည်မသန်စွမ်းသူများသာ ဝင်ရောက် ယှဉ်ပြိုင်ရန်)၊ (၄) ဆောင်ပါးတို (ယာယီ/အမြဲတမ်း မသန်စွမ်းသူများ ဝင်ရောက် ယှဉ်ပြိုင်ရန်)၊ (၅) ဝတ္ထုတို (ယာယီ/အမြဲတမ်း မသန်စွမ်းသူများ ဝင်ရောက် ယှဉ်ပြိုင်ရန်) တို့ပါဝင် ယာဥ်ပြိုင်နိုင်ပြီး နိုဝင်ဘာလ ၂၉ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီ နောက်ဆုံးထား ပေးပို့နိုင်ကြောင်း သိရသည်။
ယှဥ်ပြိုင်လိုသူ၏ အချက်အလက်များ (https://forms.gle/3BPxGWrhHub5mZdL8) သို့ ပေးပို့ရမည်ဖြစ်ပြီး ပြိုင်ပွဲအချက်အလက်များကို Email : [email protected]၊ Viber : +66855373489 Signal : +66855373489 Pages Messenger https://www.facebook.com/ IDPD.Day.2022/ တို့ကို အသေးစိတ် စည်းကမ်းများနှင့် ပေးပို့ရမည့် အချက်အလက်များကို ကြေညာချက်တွင် ဖတ်ရှုနိုင်ကြောင်း သိရသည်။
“အသွင်ပြောင်းလဲဖြေရှင်းနည်းများဖြင့် လူတိုင်းအကျုံးဝင် ဖွံ့ဖြိုးတိုးတက်မှုအတွက် အားလုံး လက်လှမ်းမှီနိုင်သော သာတူညီမျှကမ္ဘာဖြစ်ထွန်းစေဖို့ ဆန်းသစ်တီထွင်မှု၏ အခန်းကဏ္ဍကို တိုးမြှင့်စို့”
အဆိုပါ ပြိုင်ပွဲများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဝန်ကြီးဌာန (MOHADM) နှင့်အတူ မြန်မာနိုင်ငံ မသန်စွမ်းသူများ ခွင့်တူညီမျှ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MCERP) က ပူးပေါင်းကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။