ရန်ကုန်၊ နိုဝင်ဘာ ၁၈
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို ဆရာတော်များက “ဒီအချိန်မှာကြောက်ပြီးလုပ်သင့်တာမလုပ်ခဲ့လို့ရှိရင် နောင်ဆက်ပြီးကြောက်နေရမည့်စနစ်ကို လုပ်ပေးသလိုဖြစ်သွားမယ်” စာတန်းများ ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။