33 C
Yangon

ရဲဘော် ၃၀‌ ကျော် အသက်ပေးဆပ်ထားပြီးဖြစ်၍ စစ်ကောင်စီတပ်များကို ဆက် လက် တိုက်ပွဲဝင်နိုင်ရေး ပြည်သူများ ကူညီကြရန် နဂါးညီနောင် ပျောက် ကျား တပ်ဖွဲ့က မေတ္တာရပ်ခံ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၈

အကြမ်းဖက် စစ်ကောင်စီတပ်များကို တွန်းလှန်တိုက်ပွဲဝင်နိုင်ရေး ပြည်သူများ ကူညီ ကြရန် နဂါးညီနောင် ပျောက်ကျားတပ်ဖွဲ့မှ ခေါင်းဆောင် ဗိုလ်ပိုင်ကြီးက မေတ္တာ ရပ်ခံလိုက်သည်။

မကွေးတိုင်း၊ ပခုက္ကူတွင် အခြေစိုက်ထား‌သော နဂါးညီနောင် ပျောက်ကျား တပ်ဖွဲ့ သည် အကြမ်းဖက်စစ်ကောင်စီတပ် များကို တိုက်ခိုက်ရာတွင် တက်ကြွ စွာပါဝင်လျက်ရှိပြီး လက်ရှိအချိန်အထိ လက်နက်ခဲယမ်းမပြည့်စုံဘဲ ရရာ လက် နက် စွဲကိုင်၍ စစ်ကောင်စီတပ်ကို တွန်းလှန်နေကြောင်း၊ ပြည်သူများအနေဖြင့် ရှေ့ဆက်မည့် တော်လှန်ရေးအတွက် ကူညီကြရန်၊ လက်နက် မပြည့်စုံမှု ကြောင့် တော်လှန်ရေး ကာလအတွင်း ရဲဘော် ၃၀ ကျော် အသက်ပေးခဲ့ ထားပြီး ဖြစ်ကြောင်း ဗိုလ်ပိုင်ကြီးက ပြောဆိုသည်။

“နဂါးညီနောင်အဖွဲ့ ဟာ တော်လှန်ရေး စပြီးဆိုကတည်းက တစ်နှစ်ကျော် ၂ နှစ် နီးပါး ရှိပြီဗျ အခုချိန်ထိ မောင်းပြန်ဆိုတာလည်း မမြင်ဘူးဘူး ၊ကိုင်လည်း မကိုင်ဖူးသေးဘူး။ ကျွန်တော်တို့မှာ အခုချိန်ထိ လက်လုပ်တစ်ထောင့်ထိုးတွေ နဲ့ပဲ စစ်ခွေး တွေကို တော်လှန်နေရတာပါ လက်နက်မမျှတမှုကြောင့် ပေးဆပ် လိုက်ရတဲ့ရဲဘော်တွေကလည်း ၃၀ ကျော် အသက်ပေးလှူလိုက်ရပါပြီ။ ယမ်း ထည့် ထားတာတွေက မပေါက် တစ်ထောင့်ထိုး တွေကလည်း တစ်ချက် နှစ် ချက် ပစ်ရင် ဂျန့် ဖြစ်တယ်။ ဒီလိုဖြစ်နေတော့ တာရှည် တိုက်ပွဲတိုက်ဖို့ကြ ကျွန်တော် တို့အဖွဲ့မှာ အရမ်းအခဲတွေ့တယ် လက်နက်မကောင်းလို့ မိုင်းနဲ့ တော်လှန်မယ်ဆိုတော့လည်း ထောက်ပံ့မှုကမရှိ မိုင်းလုပ်ဖို့ လက်နက် အပြည့် အစုံ ကမရှိ တ၀်ခြားအဖွဲ့တွေဆီကနေပဲ ငွေပေး၀ယ်နေရတာပါ။ တစ်လုံးရဲ့ တန်ကြေးကလည်း တစ်သိန်းကျော်တယ်ဗျ ၈၀ အသီးတွေဆို တစ်သိန်း ကျော်ပေးနေ ရတယ် အဲတာကြောင့်ကျွန်တော်တို့မှာက တိုက်ပွဲ မစ်ရှင်တွေ လုပ်တဲ့ အခါမှ မပြည်စုံမှုကြောင့် အရမ်းအခဲခဲဖြစ်ပါတယ်။ မပြည်စုံ ဘဲနဲ့တိုက် နေရတာ အခုချိန်ထိ အသက်ရှင်နေတာကိုပဲ ကံတရားကို ကျေးဇူး တင် ရမှာ ပေါ့ဗျာ။ အခု မောင်းပြန်ကောင်းလေးတစ်လက် ၀ယ်ဖို့ “အောင်ပွဲချီတက် M4 တစ်လက်” Challenge လေးခေါ်ထားပါတယ် Challenge သတ်မှတ် ထားတဲ့ ရက်က နိုဝင်ဘာ ၁၅ က်နေ မှ နောက်နှစ်ဇန်နဝါရီ ၁၅ အထိပါ။ အရင်က လည်း Challenge ခေါ်တာ မပြည်တော့ အဖေနဲ့အမေရဲ့ မဂ်လာဦး အိမ်ဂရန် လေး ပါသွားပြီ။ အခုဒီ Challenge လည်း ပြည့် ခဲ့ရင် လယ်ရာမြေ စာချုပ်နဲ့ ၀ယ်သင့်ရင် ၀ယ်မှာပါဗျ ။ ပြည်နေတဲ့ အိုးတွေကိုပဲ မဖြည့်ကြပါနဲ့။ အဖွဲကမှာ လက်လုပ်တောင် အလက်၂၀ပဲရှိတယ်။ ရဲဘောင်းတိုင်းမရှိသေးဘူး။ မောင်းပြန် ဆိုတာ မမှန်းရဲပါဘူး။ ဒါကြောင့် ပြည်တွင်းပြည်ပ မှ နေထိုင်ကြတဲ့ မြန်မာ ပြည်ဖွား များက တတ်နိုင်တဲ့ဘက်နေ ဒီ Challenge လေးကို ပါ၀င်ပေးကြဖို့ ကိုယ်စား အနူးအညွန့်မေတ္တာရပ်ခံ၍ အကူညီတောင်းဆိုပါတယ်ဗျ” ဟု နဂါးညီနောင်ပျောက်ကြားတပ်ဖွဲ့မှ ဗိုလ်ပိုင်ကြီးက ပြောသည်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် နဂါးညီနောင်ပျောက်ကျားတပ်ဖွဲ့သည် တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်း တိုက်ပွဲဝင်နေသော ဒေသပြည်သူ့ ကာ ကွယ် ရေးတပ်တစ်ခုဖြစ်ပြီး လက်ရှိတွင် မိုင်းဆင် ဖောက်ခွဲမှုများဖြင့် စစ် ကောင်စီတပ်များကို တိုက်ခိုက်လျက်ရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article