30 C
Yangon

မြိုင်တွင် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၇ ဦး ထက်မနည်း‌ သေဆုံး ပြီး ပြည်သူ ၁၀ ဦးကျော်ကို စစ်တပ်က ဖမ်းဆီးသွား ၊ မြင်းမူနှင့်မြင်းခြံတွင် ပျောက်ကျားတိုက်ခိုက်မှုများကြောင့် စစ် သား ၁၉ ဦး သေဆုံးနိုင်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၈

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်များကို မိုင်းဆွဲခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် စစ်သား ၇ ဦးထက်မနည်း‌ သေဆုံးပြီး ပြည်သူ ၁၀ ဦး ကျော် ဖမ်းဆီးခံရကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မှ ဗိုလ် လင်္ကျာ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာ ၁၈ ရက်နေ့ ညနေ ၅နာရီ ခန့်အချိန် မြိုင်မြို့နယ်၊ အနောက်ဘက် ၄ဖာလုံခန့်အကွာ ကြောင်ကန်ကျေးရွာအနီးတွင် စစ်ကြောင်းများက ကားကြီး နှစ်စီးဖြင့် ပစ်ခတ်ဝင်ရောက်လာစဉ် မိုင်းပွိုင့် အကြီးနှစ်ခု၊ မိုင်း ၃ လုံးဖြင့် တိုက် ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာ သေဆုံးနိုင်ကြောင်း ၊ စစ်တပ်ဘက်က ရမ်းသမ်းပစ်ခတ်၍ ကျေးရွာအတွင်း မှ ပြည်သူတစ်ဦး သေနတ် ရှပ်ထိမှန် ဒဏ် ရာရရှိကြောင်း သိရှိရသည်။

အလားတူ ယမန်နေ့ ဒရုန်းဖြင့် ဗုံးကျဲခံရမှုကြောင့် ယနေ့ မွန်းလွဲ ၂ နာရီအချိန် ပခုက္ကူဘက်မှ နယ်မြေရှင်းလင်းရေး ထွက်လာသော အင်အား ၄၀ ခန့်ရှိ စစ် ကြောင်းသည် ခြေလျင်စစ်ကြောင်းထွက်လာစဥ် ကံတော်ရွာနှင့်ကန်ရပ်ရွာ လမ်း ဆုံအရောက် မိုင်းပွိုင့်၉လုံးဖြင့်တိုက်ခိုက်ရာ စစ်ကြောင်း သေဆုံးမှု များ ပြား ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်အပြီးတွင် ကံတော်ရွာမှ ပြည်သူ ၁၀ ဦးကျော် ကို စစ်တပ် ဖမ်းဆီးကြောင်း၊ လက်ရှိတွင် စစ်သား ၇ ဦးထက် မနည်း သေဆုံး သည်ဟု သိရှိရကြောင်း ဗိုလ်လင်္ကျာက ရန်ကုန်ခေတ်သစ်သို့ ပြောဆို သည်။

ထို့အတူ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ် အချိန် မန္တလေး တိုင်း၊ မြင်းခြံမြို့နယ်၊ တူရွင်းဘို့ရွာမှ ကုက္ကဲလမ်းတစ်လျောက် မိုင်းရှာ ထွက် လာသေ အင်အား ၄၀ ခန့်ရှိ စစ်ကြောင်းသည် ရွှေခြံသားပျောက်ကြား တပ် ဖွဲ့မိုင်းကွင်း ထဲအတိအကျဝင်ရောက်လာသောကြောင့် ပဒေသာမိုင်း ၆ လုံး တွဲဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား အနည်းဆုံး ၁၅ ဦးထက်မနည်းသေဆုံးပြီး ၆ ဦး ဒဏ် ရာရရှိကြောင်း၊ စစ်ကြောင်းက ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည် သူ့ကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်မရှိကြောင်း သိရှိရသည်။

ထို့ပြင် နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ မြင်း မူ မြို့ပေါ် လေဆာကျောင်းဝင်း အ တွင်း အရက်သောက်နေသည့် စစ်သား ၆ ဦးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးကြောင်း Zero ပျောက် ကြားတပ်ဖွဲ့မှ ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

“အခုလိုပစ်ခတ်နိုင်ဖို့ မြေပြင်အချက်တွေ စောင့်ကြည့်ပြီးမှ လုပ်နိုင်ခဲ့တာ။ စောင့် ကြည့်ပြီး ဒီကောင်တွေ ဘယ်အချိန်မှာ ဘာလုပ်တယ်။ ဘယ်အချိန်မှာ ဘာကိုင်တယ်ဆိုတာကို အသေးစိတ် အချက်အလက် စာရင်းပြုစုပြီး ပိုင်ပြီဆိုမှ ဝင်ပစ်ခဲ့တာ။ အခုဟာက အရက်သောက်နေတဲ့အချိန်ကို သံပုရာသီး လက် ပစ် ဗုံးနဲ့ အနီးကပ်အလစ်ဝင်ရောက်ပစ်ခတ်ခဲ့တာ။ ခွေး ၆ ကောင်ထဲမှာ ၄ကောင် သေဆုံးပြီ ၂ကောင်ဒဏ်ရာရသွားတယ်”ဟု Zeroပြောက်ကြားတပ်ဖွဲ့မှ ကိုသက် ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခုပစ်ခတ်တိုက်ခိုက်မှုကို Zero ပျောက်ကျားတပ်ဖွဲ့၊ True Fighterအဖွဲ့တို့‌ က ပူးပေါင်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ-မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ မိုင်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article