ရန်ကုန်၊ နိုဝင်ဘာ ၁၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဆီဇာ၊ Sky KTV တွင် ဗိုလ်ကြီးဇော်ဝေစိုးနှင့် စစ်သား ၇ ဦး သောက်စား ပျော်ပါးနေစဉ် ပစ်ခတ်ခံရသဖြင့် ဗိုလ်ကြီးဇော်ဝေစိုးအပါအဝင် စစ်သား ၅ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။
နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၁၀ နာရီ ၄၀ မိနစ်အချိန် ဖားကန့် Sky TV တွင် ဗိုလ်ကြီးဇော်ဝေစိုးနှင့် စစ်သား ၇ ဦးက သောက်စားပျော်ပါးနေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ဗိုလ်ကြီးဇော်ဝေစိုးအပါအဝင် စစ်သား ၅ ဦးမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ကျန် စစ်သား ၃ ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း သိရှိရသည်။
“မနေ့ည ၁၀ နာရီ ၄၀ မိနစ်အချိန် ဖားကန့် မှော်ဆီဆာ မှ Sky KTV အခင်းဖြစ်စဥ်တွင်သောက်စားမူးယစ်ပျော်ပါးနေသော စစ်ခွေး ဗိုလ်ကြီး ဇော်ဝေစိုး နဲ့တကွ 5ယောက်မသာပေါ်….၃ယောက်စာအုပ်ရောင်းလိုင်စင်ရရှိသွားတယ်” ဟု ရန်ကုန်ခေတ်သစ်၏သတင်းရင်းမြစ်က ဆိုသည်။