30.7 C
Yangon

အင်းတော်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ထိန်လင်းစံ အပါအဝင် စစ်သား ၂၀ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၉

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် ယမန်နေ့ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ် ကောင်စီတပ်မှ တပ်ရင်းမှူးဒုတိယဗိုလ်မှူးကြီး ထိန်လင်းစံ အပါအဝင် စစ်သား ၂၀ ဦးသေဆုံးကြောင်း Indaw Revolution-IRနှင့် KIA သတင်း ရင်း မြစ်ထံမှ သိရှိရသည်။

နိုဝင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်း၊ နေ့လယ်ပိုင်းနှင့် ညနေပိုင်းအချိန်များတွင် စစ် ကောင်စီအင်အား ၁၅၀ခန့် နှင့် KIA၊PDF ပူးပေါင်းအဖွဲ့တို့ အင်းတော်မြို့ မြောက် ဘက်တွင် တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ရင်း မှူး ဒုဗိုလ် မှူးကြီး ထိန်လင်းစံ၊ နှစ်ပွင့်ဗိုလ်နှင့် တခြားအရာရှိများ အပါ အဝင် စစ်သား များသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြား ရှိ ကြောင်း သိရှိရသည်။

“တပ်ရင်းမှူးအပါအဝင် စစ်သား ၂၀ ဦး ကျသွားတဲ့သတင်းကို အတည်ပြု လို့ရ ပါ တယ်”ဟု KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲတွင် သေဆုံးသွားခဲ့သော ဒုတိယ ဗိုလ် မှူး ကြီးထိန်လင်းစံ၏ အလောင်းကို ရဟတ်ယာဉ်ဖြင့် မြစ်ကြီးနားဘက်သို့ သယ် ဆောင်သွားကြောင်း၊ ဒုတိယ ဗိုလ်မှူး ကြီးထိန်လင်းစံသည် ကချင် ပြည် နယ်၊ ဟိုပင်မြို့နယ်၊ တကွင်းကျေးရွာမှ ဖြစ်ပြီး အကြမ်းဖက် မင်းအောင် လှိုင် လုံခြုံရေးအဖြစ်လည်း ယာယီ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်း Indaw Revolution-IR က ပြောသည်။

ဓာတ်ပုံ-ဟိုပင်ဒေသခံတချို့ ပေးပို့လာသည့် တပ်ရင်း ဒုဗိုလ်မှူးကြီး ထိန်လင်းစံ ၏ ဓာတ်ပုံ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article