ရန်ကုန်၊ နိုဝင်ဘာ ၁၉
မန္တလေး အိမ်တော်ရာဘုရားအနီး ရပ်ကွက်ရုံးတွင် ဗုံးတွေ့ရှိ၍ စစ်တပ်က ဖောက် ခွဲလိုက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ၈၉ လမ်း ၊ အိမ်တော်ရာ ဘု ရားအနောက်မုခ် အနီး မီချောင်းတံတားမှ ၂၆ လမ်းအထိ စစ်တပ်က လမ်း ပိတ် ခဲ့ကြောင်း၊ အိမ်တော်ရာ ဘုရားထောင့်ရှိ ရပ်ကွက်ရုံးအနီးတွင် ဗုံး တွေ့ရှိ၍ လမ်းပိတ် ဖောက်ခွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ဗုံးပေါက်တာတော့ အိမ်တွေတောင်တုန်တယ်။ လမ်းပိတ်ပြီး ဗုံးတွေ့လို့ ဖောက် ခွဲလိုက်တာ။ လူထိခိုက်မှုမရှိဘူး။ ရပ်ကွက်ရုံးနားမှာ ဗုံးတွေ့တာပါ” ဟု ဒေသံတစ်ဦးက ပြောသည်။
အလားတူ နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေ ၃ နာရီ ၁၄ မိနစ်အချိန် ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံ များ ထံမှ သိရှိရသည်။
ဓာတ်ပုံ- စစ်တပ် ဗုံးတွေ့ရှိ၍ ဖောက်ခွဲမှု မြင်ကွင်း။(ပုံအဟောင်းဖြစ်သည်)