ရန်ကုန်၊ နိုဝင်ဘာ ၁၉
ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်၊ ပလက်၀တွင် AA နှင့် စစ်တပ် တိုက်ပွဲများ ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးကာ AA တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း AA က သတင်းထုတ်ပြန်သည်။
နိုဝင်ဘာလ ၁၈ ရက်နေ့တွင် တပ်မ ၇၇ သည် မိ မောင်တောမြို့မြောက်ပိုင်း၊ ဝက်ကျိန်းအပြင်ရွာ တောင်ဖက် AA နယ်မြေများကို ထိုးစစ်ဆင် တိုက်ခိုက် လာသော ကြောင့် မွန်းတည့် ၁၂ နာရီခန့်မှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ ၄ နာရီခန့် အချိန်မှ တိုက်ပွဲပြီးဆုံးခဲ့ကြောင်း၊ တပ်မ ၇၇ လက်အောက်ခံ၊ ခမရ ၁၀၅ တပ်ရင်းစစ်ကြောင်းက ကစဥ့်ကလျားထွက်ပြေး သွားပြီး ခမရ (၁၀၅) တပ်ရင်း ထံမှ စစ်အသုံးအဆောင် ပစ္စည်းများနှင့် ခဲယမ်းအချို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ ခမရ ၁၀၅ တပ်ရင်းမှ စစ်သား ၁၀ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ (၁၅) ဦးအထက်ရှိခဲ့ကြောင်း၊ AA ဘက်မှ ဒဏ်ရာ ရရှိသူ ၅ ဦးရှိခဲ့ပြီး တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးဆပ်စွန့် လွှတ်ခဲ့ ရသည့် အာရက္ခAA စစ်သည်တော် တစ်ဦးရှိကြောင်း သိရှိရသည်။
ချင်းပြည်နယ်၊ပလက်ဝဒေသ၌လည်း စစ်ကောင်စီသည် လက်နက်ကြီးများ၊ ဂျက်တိုက်လေယာဉ်များဖြင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ နေ့တိုင်းနီးပါးလာ ရောက်ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း၊ စစ်ကောင်စီက စစ်သုံးဒရုန်းများ ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများဖြင့် အရပ်ဖက်ပြည်သူများကို တိုက်ခိုက်နေကြောင်း AA က ပြောသည်။