26.8 C
Yangon

မရမ်းကုန်း ၃ ရပ်ကွက်ရှိ နေအိမ်ရာပေါင်းများစွာကို ကျူးကျော်အမည်တပ်၍ စစ်တပ်က ဘူဒိုဇာ၊ မြေကော်စက်များဖြင့် ဖျက်ဆီးသွား

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၉

ရန်ကုန်တိုင်း၊ မရမ်းကုန်း ၃ ရပ်ကွက်၊ ကံသာဇေယျုံလမ်းရှိ အိမ်ခြေ ၁၀၀ ကျော် ကို ကျူးကျော်ဟု ဆိုကာ ယနေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်၊ စည်ပင် နှင့် ထွေ/အုပ်က လက်နက်ကိုင်များဖြင့် ဖျက်ဆီးသွားပြီး ဓာတ်ပုံရိုက် သူ၊ အိမ်ထဲသို့ ပစ္စည်းဝင်ယူသူ ပြည်သူတချို့ကို ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“ဒီမနက်ဗျာ သေနတ်တွေနဲ့ စစ်တပ်ရော၊ ရဲရော အိမ်တွေကို ဘူဒိုဇာနဲ့ ထိုးချ တာဗျာ။ မညှာမတာ ။ ဘာပစ္စည်းမှ ဝင်အယူမခံဘူး။ အကုန်လုံး ဖျက်ပစ်တာ။ ပစ္စည်းဝင်ယူသူတွေ အဖမ်းခံရတယ်။ ကောင်မလေး ၂ ဦး၊ နောက်ပြီး ဖုန်းနဲ့ ဓာတ်ပုံရိုက်တဲ့သူကို စစ်ဖိနပ်တွေ၊ ခြေထောက်တွေနဲ့ ဆောင့်ကန်ပြီး ရိုက်နှက် ဖမ်းသွားတယ်။ အိမ်အဖျက်မခံတဲ့သူ တွေလည်း အဖမ်းခံရတယ်။ တကယ့်ကို ကမ္ဘာပျက်တာပါပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် အိမ်ခြေ ၅၀ နှင့် ၁၀၀ အကြားကို စစ်တပ်က မြေကော် စက် များ ၊ ဘူဒိုဇာများဖြင့် ထိုးချသွားပြီး ဖျက်ဆီးထား သည့်မြေနေရာတွင် ထပ်မံ၍ အိမ်၊ တဲများ တည်ဆောက်ခြင်းမပြုရန် သတိပေးသွားကြောင်း သိရှိရ သည်။

ယနေ့ ညနေပိုင်းတွင် အိမ်ဖျက်ဆီးခံရသည့် ပြည်သူတချို့က ၎င်းတို့ ပိုင်ဆိုင်သော ပစ္စည်းများ ရလိုရငြား ပြန်လည် အပျက်အစီးများကြားတွင် လိုက်လံရှာဖွေနေကြရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article