26.8 C
Yangon

မရမ်းကုန်း ၃ ရပ်ကွက်ရှိ နေအိမ်ရာပေါင်းများစွာကို ကျူးကျော်အမည်တပ်၍ စစ်တပ်က ဘူဒိုဇာ၊ မြေကော်စက်များဖြင့် ဖျက်ဆီးသွားပြီးနောက် ညဘက် အိပ်စရာမရှိဘဲ ဒုက္ခရောက်နေကြ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၉

ရန်ကုန်တိုင်း၊ မရမ်းကုန်း ၃ ရပ်ကွက်၊ ကံသာဇေယျုံလမ်းရှိ အိမ်ခြေ ၁၀၀ ကျော် ကို ကျူးကျော်ဟု ဆိုကာ ယနေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်၊ စည်ပင် နှင့် ထွေ/အုပ်က လက်နက်ကိုင်များဖြင့် ဖျက်ဆီးသွားပြီး ဓာတ်ပုံရိုက် သူ၊ အိမ် ထဲသို့ ပစ္စည်းဝင်ယူသူ ပြည်သူတချို့ကို ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“ဒီမနက်ဗျာ သေနတ်တွေနဲ့ စစ်တပ်ရော၊ ရဲရော အိမ်တွေကို ဘူဒိုဇာနဲ့ ထိုးချ တာ ဗျာ။ မညှာမတာ ။ ဘာပစ္စည်းမှ ဝင်အယူမခံဘူး။ အကုန်လုံး ဖျက်ပစ်တာ။ ပစ္စည်းဝင်ယူသူတွေ အဖမ်းခံရတယ်။ ကောင်မလေး ၂ ဦး၊ နောက်ပြီး ဖုန်းနဲ့ ဓာတ်ပုံရိုက်တဲ့သူကို စစ်ဖိနပ်တွေ၊ ခြေထောက်တွေနဲ့ ဆောင့်ကန်ပြီး ရိုက်နှက် ဖမ်းသွားတယ်။ အိမ်အဖျက်မခံတဲ့သူ တွေလည်း အဖမ်းခံရတယ်။ တကယ့်ကို ကမ္ဘာပျက်တာပါပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် အိမ်ခြေ ၅၀ နှင့် ၁၀၀ အကြားကို စစ်တပ်က မြေကော် စက် များ ၊ ဘူဒိုဇာများဖြင့် ထိုးချသွားပြီး ဖျက်ဆီးထား သည့်မြေနေရာတွင် ထပ်မံ၍ အိမ်၊ တဲများ တည်ဆောက်ခြင်းမပြုရန် သတိပေးသွားကြောင်း သိရှိရ သည်။

ယနေ့ ညနေပိုင်းတွင် အိမ်ဖျက်ဆီးခံရသည့် ပြည်သူတချို့က ၎င်းတို့ ပိုင်ဆိုင် သော ပစ္စည်းများ ရလိုရငြား ပြန်လည် အပျက်အစီးများကြားတွင် လိုက်လံ ရှာဖွေ နေကြရကြောင်း သိရှိရသည်။

“ယနေ့ညထိ ရပ်ကွက်နေ့ပြည်သူတွေသောကတွေရောက်နေပါတယ်။ နေ့စရာ အိမ်မရှိ တော့လို သောကများနေပါတယ်။ အိမ်တွေက နှစ်ခြောက် ဆယ်ကျော် နေလာတဲ့အိမ်တွေပါ။ လူမဆန်ဘူးဗျာ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် စုပြီဝယ်ထား တဲ့အိမ်တွေပါ။ အခုလုပ်တော့အားလုံး သောကရောက်ပြီ။ သွေးတိုး၊ ဆီးချို သ မား တွေလည်း ပါပါတယ်။ နောက် ထပ်လည်း နေရာတွေဖျက် ဖို့ရှိပါသေး တယ်။ အခုက အိမ်ဖျက်ခံရတဲ့ ပြည်သူတွေက သောကနေများနေလို့ အိမ် လည်း ရှာမရ အိမ်ငှားတွေဈေးတွေတက်။ အခုတော့ ဥပဒေမဲ့ နိုင်ငံဖြစ်နေပါပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article