25.5 C
Yangon

ချင်းပြည်နယ်၊ တနင်္သာရီတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၅ ဦးသေဆုံးဟုဆို

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၀

ချင်းပြည်နယ်တွင် ၅ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၃၀ ဦးခန့် သေဆုံးကာ၊ စစ်ကိုင်းတိုင်းနှင့်တနင်္သာရီ တိုင်းတို့ တွင် စစ် ယာဥ်တန်းများ ကို အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၃၅ ဦးခန့် စုစုပေါင်း ၆၅ ဦး သေဆုံးခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ချင်းပြည်နယ်တွင် ၅ ရက်တိုက်ပွဲအတွင်း စစ်သား ၃၀ ဦးခန့် သေ ဆုံး

ချင်းပြည်နယ်ရှိ အကြမ်းဖက် စစ်တပ်၏ သီးဘွာလ်စစ်ကောင်စီ တပ်စခန်းကို ဒရုန်းဖြင့် အကြိမ် ၃၀၀ ကျော်ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၃၀ ဦးခန့်သေဆုံး ကြောင်း CNO/CNF က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) က သီးဘွာလ်တပ်စခန်းကို စခန်း သိမ်းရန် လက်နက်ကြီးများ၊ လက်နက်ငယ်များ၊ ဒရုန်းများဖြင့် စတင် ပစ် ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပြန် လည်ပစ်ခတ်ခဲ့သောကြောင့် ၃ နာရီ ကြာ ထိတွေ့ တိုက်ပွဲ ပြင်းထန် ခဲ့ ကြောင်း သိရသည်။

နံနက် ၉ နာရီခန့်တွင် ဂျက်တိုက် လေယာဉ်များဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက် ခဲ့ပြီး ညနေ ၆ နာရီခန့်တွင် ဂျက်လေယာဥ်များဖြင့် ၄ ကြိမ်မြောက် ထပ်မံ ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဗုံး ၂ ကြိမ်ကျဲချရာ ဒုတိယ အကြိမ်တွင် အကြမ်းဖက် စစ်တပ် တပ်စခန်းအနီး ကျရောက် ပေါက်ကွဲခဲ့ပြီး အိမ် ၂ လုံး မီးလောင် ပျက်စီး ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၅ ရက်နေ့ ထိတွေ့ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၈ ဦး ခန့် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း ZFU/PDF-Zoland၊ CDM-Siyinနှင့် ချင်း ပူး ပေါင်း ကာကွယ်ရေး တပ်ဖွဲ့များ ဖြစ်သော CJDC တို့မှလည်း ကူညီ အင်အား ဖြည့်ပေးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၆ ရက် နံနက်ပိုင်းနှင့် မွန်းလွဲ ၂ နာရီခန့်တွင်လည်း တိုက်ပွဲ အပြင်း အထန် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ အထိနာသောကြောင့် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်ခန့်တွင် MI-35 ရဟတ်ယာဥ်များဖြင့် မိနစ် ၂၀ ကြာ လာ ရောက် ပစ်ခတ်ခဲ့ကြောင်း၊ ဒုတိယနေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီးခဲ့ကြောင်း သိရသည်။

ညပိုင်းတွင် ကလေးမြို့ဘက်မှလည်း CNDF တပ်မဟာ (၁)၊ တပ်ရင်း (၃) နှင့် CDF-KKG ပူးပေါင်း၍ အကြမ်းဖက် စကစတပ်များအား သွားရောက် ပစ်ခတ် ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန် ဒဏ်ရာ ရခဲ့ ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်နှင့် မွန်းလွဲ ၂ နာရီခန့်တွင် လက် နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး မွန်းလွဲ ၃ နာရီ ၄၅ မိနစ် တွင် MI-35 ဖြင့် ၄၅ မိနစ်ခန့် လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ ယင်းညတွင် ပူးပေါင်းတပ်ဖွဲ့ဖြစ်သော MEDF က Drone ဖြင့် ဗုံးအမြောက်အမြား ကူညီကျဲ ချခဲ့ကြောင်း၊ တတိယနေ့ တိုက်ပွဲတွင် စစ်တပ်ဘက်မှ (၆) ဦးသေဆုံးပြီး၊ ဒါဏ် ရာ ရသူ အများအပြားရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် အစောပိုင်းတွင် CNDF မှ စကစ စခန်းကို ထပ်မံ တိုက်ခိုက်ရာ စကစဘက်မှ လက်နက်ကြီးများ အသုံးပြုပြီး အကြိမ် ပေါင်း များစွာ ခုခံတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ၄ ဦး သေ ဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၅ ခန့်မှစပြီး သီးဘွာလ်တပ်စခန်းကို သိမ်းယူ နိုင်ရန် CNDF က စတင် ပစ်ခတ်တိုက်ပြန်ရာတွင် အကြမ်းဖက် စစ်တပ်ဘက်မှ စခန်းမကျရေးအတွက် ဂျက်တိုက်လေယာဉ် ၂ စီး၊ တိုက်ပွဲသုံးရဟတ်ယာဉ် ၅ စီးဖြင့် နံနက် ၁၀ နာရီအချိန်ခန့်မှစ၍ နေ့လည် ၁ နာရီကျော်အထိ မနားတမ်း သာလွန် အင်အားဖြင့် လာရောက် တိုက်ခိုက်ပြီး တိုက်ပွဲအတွင်း CDF-Lautu မှလည်း အင်အားဖြည့်တင်းရန် စစ်ကူလာရောက်ပေးခဲ့ပြီး အကြမ်းဖက် စစ်တပ် မှလည်း သီးဘွာလ်တပ်စခန်းသို့ စစ်ကူထပ်ဖြည့်ခဲ့ပြီး ဒါဏ်ရာရ စစ်သား များနှင့် သေဆုံးအလောင်းများကို ကလေးမြို့စစ်ဆေးရုံသို့ သယ် ဆောင်သွားကြောင်း သိရသည်။

ညနေ ၅ နာရီခန့်တွင် CNDFမှ ထပ်ဖြည့်လာသည့်အကြမ်းဖက် စစ်တပ် စစ်ကူများအား သီးဘွာလ်တပ်စခန်းအနီး၊ ဘွလ်သဲကျေးရွာတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ၁ နာရီကျော်ကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ညနေ ၆ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ ဘွာလ်သဲကျေးရွာရှိ နေအိမ်များအား စတင်မီးရှို့ခဲ့ကြောင်း၊ ၅ ရက်တာ တိုက်ပွဲအတွင်း CNO/CNDF က Drone ဖြင့် အကြိမ် ၃၀၀ ကျော် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃၀ ဦးခန့်သေဆုံးခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည်။

မြောင်တွင် စစ်ယာဥ်တန်းကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၀ ဦးခန့်သေဆုံး

စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်မှ စစ်အင်အား ဖြည့် တင်းရန် လာရောက်သော စစ်ကား ၁၈ စီးပါ ယာဥ်တန်းကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးခန့်သေဆုံးခဲ့ကြောင်း CDSOM က ပြောသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် မြောင်လမ်းခွဲနှင့် အလ က္ကပ္ပ အကြားတွင် M2W ထုတ် ပဒေသာမိုင်း က လုံးဖြင့် ဖောက်ခွဲ တိုက် ခိုက် ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေး ကြောင်း သိရသည်။

မွန်းလွဲ ၁၂ နာရီ ၅ မိနစ်တွင် ချောင်းဦးမြို့နယ်၊ နတ်ရေကန်နှင့် ငါးယှန် အကြားတွင် ပဒေသာမိုင်း ၂၂ လုံးဖြင့် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ငါယှန်ရွာအနီး ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို CDSOM ၏ ကန္တာရ သိန်းငှက်တပ်ခွဲ၊ မြောင်အမျိုးသမီး စစ်သည်တပ်ရင်း-M2W၊ Black Eangle Defense Force-MMU၊ Myinmu Civil Revolution Force-CRF Myinmu၊ People Defense Force Myinmu-MMUPDF၊ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့၊ မြင်းမူမြို့နယ် ပကဖ၊ Myaung Union Army ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ စစ်ကိုင်းခရိုင်း တပ်ရင်း ၆ တပ်ခွဲ ၂နှင့်မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)၏ တပ်ရင်း တပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ချောင်းဦးတွင် စစ်ယာဥ်တန်းများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂၃ ဦးခန့်သေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အကြမ်းဖက် စစ်တပ် ယာဥ်တန်းများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂၃ ဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မုံရွာမြို့မှ သံပြားကာ ကား ၂ စီးသည် ပုရစ်ကုန်း မြောက်ရွာတွင် သေနတ်များ ရမ်းသမ်း ပစ်ခတ်ပြီး ချောင်းဦးဘက်သို့ ထွက်ခွာလာပြီး မိုင်းရှင်းလင်းရေး လုပ်ဆောင်စဥ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ၁၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ခင်မွန်ဘက်စုခြံအနီး မိုင်းရှာနေသည့် စစ်သား များကို ကာကွယ်ရေး တပ်ဖွဲ့များက ထပ်မံ မိုင်းဆွဲခဲ့ပြီး ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နံနက် ၁၀ နာထီ ၄၅ မိနစ်တွင် ခင်မွန်-အောင်ချမ်းသာ အကြား မိုင်းရှာနေသည့် စစ်သားများကို ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မွန်းလွဲ ၁၂ နာရီခန့်တွင် စစ်ကိုင်း တပ်မ ၃၃ မှ ထွက်ခွာလာသော စစ်ကား ၂၀ စီးကို ဂွေးပင်တော-နတ်ရေကန်ရွာအကြားတွင် မိုင်း ၆ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် အဆိုပါ စစ်ကား ၂၀ စီးပါဝင်သော ယာဥ်တန်းကို အောင်ချမ်းသာ-ခင်မွန် ရွာအနီး၌ ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေ အတည်မပြုနိုင်သေးကြောင်း သိရသည်။

ညနေ ၅ နာရီ ၅၀ မိနစ်တွင် နတ်ရေကန် ရွာအနီး ကင်းပုန်းဝပ်ပြီး ခြေလျင်ပြန် လာသည့် စစ်သားများကို ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် ယာဥ်တန်းများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ချောင်းဦးမြို့နယ် ပကဖ၊ မုံရွာခရိုင် အမှတ် ၆ တပ်ရင်း ဦးဆောင်မှုဖြင့် CHUPDF တပ်ခွဲ ၃၊ CHUPDF တပ်ဖွဲ့ ၄ ၊ CHUPDF တပ်ခွဲ ၅(IGF-Monywa)၊ CHUPDF တပ်ခွဲ ၈ (PGC-MMU)နှင့် Chaung U Defense Force (CDF) တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မုံရွာတွင် စစ်ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ

မုံရွာတွင် အကြမ်းဖက် စစ်တပ်မှ စစ်ကား ၁၂ စီးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း CHU Weapons Installation အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ထွက်ခွာလာသည့် စစ်ကား ၁၂ စီးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” ခွေးသေစာရင်းတော့ အတည်မပြုနိုင်သေးဘူး။ သေဆုံး ဒဏ်ရာရတွေ တော့ရှိ မယ်။ အရေအတွက်တော့ အတည်မပြုနိုင်သေးဘူး” ဟု CHU Weapons Installation အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုအပါ တိုက်ခိုက်မှုကို CHU.Weapons Installation၊ Monywa (သွေးကြွေး)Fighter Group.MGF၊ The Brightness Monywa၊ Pace Takers Task Force PTTF Chaung Oo Local တပ်ခွဲ ၄ တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရွှေဘိုတွင် စစ်ကြောင်း မိုင်းဆွဲခံရပြီး ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာ ရဲစခန်းမှ ဆိုင်ကယ်ဖြင့် ထွက်လာ သည့် စစ်ကောင်စီ တပ်သားများကို ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက် ခိုက်ခဲ့ပြီး ၁ ဦး သေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၂၂ မိနစ်တွင် ရွှေဘို အနောက်ဘက် ဆိပ်ခွန် ကျေးရွာ ရဲစခန်းတွင် အထိုင်ချ တပ်ဆွဲထားသာ စစ်သားနှင့် ရဲများ ဆိုင်ကယ် ၄ စီးဖြင့် အရက်ထွက်ဝယ်စဥ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ၁ ဦး သေဆုံးကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ရွှေဘိုခရိုင် အမှတ် (၅) တပ်ရင်း၊ တပ်ခွဲ (၃)နှင့် ရွှေဘိုမြို့နယ် (ပကဖ) တိုက်နယ် (၂) အဖွဲ့တို့ ပူး ပေါင်းပြီး ‌အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တနင်္သာရီတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံး

တနင်္သာရီတိုင်း ထားဝယ်-ထီးခီး လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်း ရင်းမြစ်များထံမှ သိရသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၂၈ မိနစ်တွင် ထားဝယ်-ထီးခီး လမ်းပိုင်း ရှိ ဝကုန်းရွာအနီး၌ အင်အား ၈၀ ခန့်ပါဝင်သော အကြမ်းဖက် စစ်တပ် ခြေလျင် စစ်ကြောင်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ခြေလျင်စစ်ကြောင်းကို (ထားဝယ်-ပကဖ) အဖွဲ့ဝင် ဖြစ် သောDEF-PDF၊ သံမဏိပြောက်ကျားဖွဲ့နှင့် ကော့သူလေတပ်မတော်တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- CNF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article