25.8 C
Yangon

ထားဝယ်နှင့် လောင်းလုံးတွင် စစ်တပ်က ဒေသခံ ပြည်သူ ၇ ဦးကို အကြောင်းမဲ့ ရိုက်နှက် ဖမ်းဆီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၀

တနင်္သာရီတိုင်း၊ ထားဝယ်နှင့်လောင်းလုံး မြို့နယ်တို့တွင် ဒေသခံ ပြည်သူ ၇ ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်၊ တောင်ခွလမ်းဆုံတွင် နေထိုင်သည့် အသက် ၅၀ အရွယ် ဦးဌေးအော်ကို အကြမ်းဖက် စစ်တပ်က ရိုက်နှက် ဖမ်းဆီးခဲ့ကြောင်း၊ ည ၁၀ နာရီခန့်တွင်လည်း ကရပ်ပြင် ရပ်ကွက်ရှိ ဦးအောင်ကြည်နှင့် ဇနီးဖြစ်သူတို့ကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး ကားနှင့် ဆိုင်ကယ်များကို သိမ်းဆည်းသွားကြောင်း သိရသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ထားဝယ်မြို့နယ်၊ ဆန်းချီ မြို့သစ်ရပ်ကွက် ၈ လမ်းနှင့် ၂ လမ်းထောင့်၌ ဆိုင်ကယ် စီးနင်းလာသည့် လူငယ် ၂ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားကြောင်း သိရသည်။

ထို့ပြင် နံနက် ၉ နာရီခန့်ကလည်း ထားဝယ် လေယာဥ်ကွင်းမှ အသက် ၅၀ ဝန်းကျင်ရှိ အမျိုးသား ၁ ဦးကိုလည်း အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၄ နာရီခန့်တွင် လောင်းလုံးမြို့၊ (ဂ) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၆ နှစ်အရွယ် မခင်လေးနွယ်ကို အကြမ်းဖက် စစ်တပ်က ကား ၂ စီးဖြင့် အင်အားပြည့် လာရောက် ဖမ်းဆီးသွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ဖမ်းဆီးထားသူများကို မည်သည့် ကိစ္စကြောင့် ဖမ်းဆီးသည်ကို မသိရှိရဘဲ မည်သည့်နေရာသို့ ဖမ်းဆီးသွားသည်ကိုလည်း အတည်မပြုနိုင်သေးကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားသော မခင်လေးနွယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article