ရန်ကုန်၊ နိုဝင်ဘာ ၂၀
ကရင်ပြည်နယ်၊ ဖာပွန်မြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော စခန်းများကို KNLA တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ-မူတြော် သတင်း စဥ် ထံမှ သိရသည်။
နိုဝင်ဘာလ ၁၈ ရက်နေ့ ဖာပွန်မြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ၏ လယ်တိုးတပ်စခန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ရှောင်တခွင်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၇ ရက်နေ့က နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မ တော်၊ အမှတ် ၅ တပ်မဟာ လက်အောက်ရှိ တပ်ရင်း(၁၀၂)မှ ရဲဘော်များက အကြမ်းဖက် စစ်တပ်နှင့် BGF နယ်ခြားစောင့် တပ်များ စခန်း ချထားသည့် သက်ဖိုးကလိုးစခန်းကို ဝင်ရောက် စီးနင်းခဲ့ပြီး စစ် သား နှင့် BGF-နယ်ခြားစောင့်တပ်သား ၅ ဉီးသေဆုံးပြီး ၇ ဉီး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
KNLA-ကရင့် အမျိုးသား လွတ်မြောက်ရေးတပ်တော်နှင့် နယ်မြေကျူးကျော် လာသည့်အကြမ်း ဖက် စစ်ကောင်စီ၊ BGF-နယ်ခြားစောင့်တပ်များကို နေ့စဉ်နှင့်အမျှ KNLA-ကရင် အမျိုးသား လွတ် မြောက် ရေးတပ်မတော်၊ အမှတ်(၅)တပ်မဟာမှ စစ်သည်တော်များက တိုက်ခိုက်လျက်ရှိကြောင်း၊ ၁၉၉၆ ခုနှစ် နောက်ပိုင်းကာလ လက်လွတ်ဆုံးရှုံးခဲ့ရသည့်တပ်စခန်းများကို ပြန်လည် သိမ်းပိုက် ရယူလျက်ရှိကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဥ်က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက တပ်ဖွဲ့ဝင်များကို စစ်ဆေးနေစဉ်။
