ရန်ကုန်၊ နိုဝင်ဘာ ၂၀
မြိုင်မြို့နယ်တွင် ဒေသခံပြည်သူများက ပခုက္ကူခရိုင်တပ်ရင်း – ၆ (MVRF) တပ်ခွဲ(၁) ထံသို့ မြေပဲများ၊ ဆီများ စသည့် စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးခဲ့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
MVRF တပ်ရင်းမှလည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျရှုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားပါမည်ဟု “ ကတိပြု” ကြောင်း၊ တော်လှန်ရေးအတွက် ပါဝင်ပေးကြပါသော ဓမ္မဘက်တော်သားပြည်သူများအားလုံး ဘေးကင်းကြပါစေဟု ဆုတောင်းမေတ္တာပို့သ ခဲ့ကြောင်းသိရသည်။