25.5 C
Yangon

သန်လျင်မြို့ သာသနာ့ဗိမာန်ရှိ စစ်တပ်နှင့် ကျောက်တော်ကြီးဘုရားအနီးတွင် တပ်စွဲထားသော စစ်တပ်ဂိတ်ကို ဖောက်ခွဲတိုက်ခိုက်မှု စစ်သားတချို့ ထိခိုက် သေဆုံးမှုရှိနိုင်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၀

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ သာသနာ့ဗိမာန်တွင် စခန်းချထားသော စစ် တပ် နှင့် အင်းစိန်မြို့နယ်၊ ကျောက်တော်ကြီး ဘုရားအနီးတွင် တပ်စွဲထားသော စစ်တပ်ဂိတ်များကို မြို့ပြပျောက်ကျားတပ်ဖွဲ့များက တိုက်ခိုက်ကြောင်း အဆိုပါ အဖွဲ့များက ပြောသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ ည ၉ နာရီ ၁၀ မိနစ်အချိန် သန်လျင်မြို့ ကျိုက်ခေါက် ဘုရားလမ်းမရှိ သာသနာဗိမာန်ထဲတွင် တပ်စွဲထားသော စစ်သားများအနီးတွင် ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားကြောင်း သိရှိရသည်။

“ပေါက်ကွဲသံကတော့တော်တော်ကျယ်တယ် မီးတောက် အကြီးကြီး တစ်ခုမြင် လိုက်ရတယ်။ ဒီကောင်တွေတော်တော်အထိနာသွားမှာ။ ပေါက်ပြီး ခဏ နေ တော့ အထဲကနေ Double Cub ၂စီးအရှိန် နဲ့မောင်းထွက်သွားတယ်” ဟု သန် လျင်မြို့သတင်းရင်းမြစ် Thanlyin Media က ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောဆိုသည်။

ဗုံး ပေါက်ကွဲမူကြောင့် စစ်သား ၂ဦး သေဆုံးသည်ဆိုသော သတင်းများ ထွက် ပေါ်လျက်ရှိသော်လည်း အတည်မပြုနိုင်ဟု သိရှိရသည်။

အလားတူ နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ရန်ကုန်တိုင်း၊ အင်း စိန်မြို့နယ် ကျောက်တော်ကြီးဘုရားအနီးမှ စစ်ကောင်စီတပ်ဂိတ်ကို အဝေး ထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း God’s Hand Forces (GHF) က ပြောသည်။

Yangon UG Association(YUA)အဖွဲ့ဝင် God’s Hand Forces (GHF)က အဝေးထိန်းမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ရာတွင် ယာဉ်ထိန်းရဲ ၁ ဦး၊ စစ်သား ၁ ဦးနှင့် ရဲ ၂ ဦး ထိခိုက်သည်ဟု သတင်းများရရှိသော်လည်း စိစစ်နေ ဆဲဖြစ်ကြောင်း ၊ ဖောက်ခွဲတိုက်ခိုက်မှုအပြီး အကြမ်းဖက်စစ်တပ်က ပိတ်ဆို့ စစ်ဆေးမှုများလုပ်ဆောင်ခဲ့သော်လည်း မြို့ ပြပျောက်ကျားရဲဘော် များဘေး ကင်း ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်မြို့တွင် တပ်ချထားသော အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ် ဆေးရေးဂိတ်များ။ (ပုံအဟောင်းဖြစ်သည်)

Photo- Agency ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article