25.5 C
Yangon

အမေရိကန်နိုင်ငံတွင် မသောက်မိသော မိုးခါးရေ ဇာတ်ကား ဆက်လက် ပြသနေပြီး ရုံပြည့်ရုံလျှံ အားပေး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၀

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တွင် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးသည့် မသောက်မိသော မိုးခါးရေ ဇာတ်ကား ဆက်လက် ပြသနေပြီး ရုံပြည့်ရုံလျှံ အားပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရုပ်ရှင်ကားကို နှစ်ကြိမ်ခွဲ၍ ပြသခဲ့ရပြီး နှစ်ကြိမ်လုံး ရုံပြည့်လျှံခဲ့ကာ လက်မှတ်များမလောက်သည့်တိုင်အောင် ကြည့်ရူအားပေးခဲ့ကြပြီး မြန်မာ့အစားအစာများရောင်းချခြင်း၊ မိုးခါရေ ဇာတ်ကား အတွက် အမှတ်တရ အင်္ကျီများနှင့် တော်လှန်ရေးအမှတ်တရ လက်ဆောင် စ္စည်းများရောင်းချများပါ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝါရှင်တန်ဒီစီ ဧရိယာ၌ နေထိုင်ကြသော မြန်မာပြည်ဖွားတိုင်းရင်းသားပေါင်းစုံမှ တခဲနက်လာရောက်အားပေး ကြည့်ရှု့ခဲ့ကြပြီး အနီးအနား ပြည်နယ်များမှလဲ လာရောက်
ပူးပေါင်းအားပေးခဲ့ကြကြောင်း၊ ဒုတိယအပိုင်းတွင် ကိုပေါက်နှင့် Live တွေ့စုံမေးမြန်းခန်းအစီအစဉ်တို့ကို ထည့်သွင်းခဲ့ကြောင်း၊ NUG ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်သော ဦးမိုးဇော်ဦး မှလဲတော်လှန်ရေးအင်အားစုနဲ့ ကိုပေါက်အဖွဲ့သားများကို ကျေးဇူးတင် အားပေးစကား ပြောကြားခဲ့ကြောင်း၊ ဤအစီအစဉ်ကို Chin Community of D.C Area မှ ဦးဆောင်ခဲ့ပြီး ADB Anti Dictatorships in Burma – DC Metro Area နှင့်အလင်းရောင်လူငယ်များအပါဝင်တခြားသော တခြားသော တော်လှန်ရေးအင်အားစုများမှ ပါဝင်ကူညီ ပေးခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article