ရန်ကုန်၊ နိုဝင်ဘာ ၂၀
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “ကျွန်ဇာတ်သွင်းနေသူ တော်လို့မဟုတ်ဘူး။ ကျွန်ခံချင်တဲ့သူတွေ လူအ,လူညံ့တွေ ပျော်နေလို့ ဒီပွဲက ကြာနေတာ။ အတူရုန်းထွက်ပေးကြပါ” ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။