25.5 C
Yangon

လောင်းလုံးမြို့ပေါ်တွင် စစ်တပ်က ဆိုင်ကယ် စီးနင်းလာသူများကို အကြောင်းမဲ့ ပစ်ခတ်ခဲ့သောကြောင့် ၁၄ နှစ်အရွယ် လူငယ် ၁ ဦးအပါအဝင် ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၀

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်တွင် ဆိုင်ကယ် စီးနင်းလာသည့် လူငယ်များကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်သောကြောင့် ၁၄ နှစ်အရွယ် လူယ် ၁ ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် လောင်းလုံးမြို့ပေါ် ပြည်သူ့ဆေးရုံကြီး အနီး၌ စစ်ဆေးရေး လုပ်ဆောင်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဆိုင်ကယ် စီးနင်းလာသည့် လူငယ်များကို အကြောင်းမဲ့ ပစ်ခတ် ဖမ်းဆီးခဲ့​ကြောင်း သိရသည်။

မွန်းလွဲ ၂ နာရီခန့်တွင် ဆိုင်ကယ် မောင်းနှင်လာသည့် လူငယ် ၂ ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ လိုက်လံ ပစ်ခတ်စဥ် သဗျာကျေးရွာမှ လောင်းလုံးမြို့အတွင်းသို့ ဆိုင်ကယ်အတူ စီးနင်းလာသည့် မောင်နှမ ၂ ဦးလည်း ထိမှန်ခဲ့ပြီး အစ်ကိုဖြစ်သူ မောင်အောင်ဝေယံ (အသက် ၁၄ နှစ်)သည် ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း၊ ညိီမဖြစ်သူ မယွန်းပြည့်သဇင် (အသက် ၁၂ နှစ် )လည်း ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ လိုက်လံ ဖမ်းဆီးခဲ့သည့် လမ်းသွား လမ်းလာ လူငယ် ၂ ဦးလည်း ဖမ်းဆီးခံရပြီး ပစ်ခတ်မှု​ ဖြစ်စဥ်အတွင်း လူငယ်တစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး ကျန် လူငယ် တစ်ဦးကို အကြမ်းဖက် စစ်တပ်မှ တပ်သားများက အပြင်းအထန် ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

” ဖြစ်စဥ် တစ်နေရာတည်းမှာ ဖြစ်သွားတာ အမည်မသိ လူငယ် ၂ ဦးရဲ့ ဆိုင်ကယ်ကို စစ်ခွေးတွေက အကြောင်းမဲ့ ပစ်ခတ် ဖမ်းဆီးရင်းကနေ မောင်အောင်ဝေယံပါ ကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်။ အမည်မသိ လူငယ် ၁ ဦးလည်း သေဆုံးတယ်လို့ သိရပါတယ်” ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်)မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

Photo – အကြမ်းဖက် စစ်တပ် အကြောင်းမဲ့ ပစ်ခတ်သောကြောင့် သေဆုံးခဲ့သည့် မောင်အောင်ဝေယံ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article