28.3 C
Yangon

ရွှေဘိုမြို့နယ်၊ လိပ်ရကုန်းကျေးရွာကို စစ်တပ်က ဝင်ရောက်ဖျက်ဆီး မီးရှို့မှု အိမ်ခြေ ၃၀ ကျော် ပြာကျ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၀

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ၊ လိပ်ရကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က ယနေ့ နံနက်ပိုင်းတွင် ဝင်ရောက် မီးရှို့ဖျက်ဆီးရာ အိမ်ခြေ ၃၀ ကျော် မီးလောင်ပြာကျသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ခင်ဦးမြို့နယ်တွင် လှည့်လည်နေသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ရွှေဘိုမြို့နယ်၊ လိပ်ရကုန်းကျေးရွာအတွင်းသို့ ဝင်ရောက်စခန်းချကြောင်း၊ ယင်းနောက် နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်း စစ်ကြောင်း ပြန်လည် ထွက်ခွာချိန်တွင် နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း ၊ စစ်ကြောင်းသည် ခင်ဦးမြို့နယ်ထဲသို့ ပြန်လည် ထွက်ခွာချိန်တွင် စစ်သားများ သောက်စားမူးရူးအိပ်ထားသည့်နေရာများ၊ မိုင်းထိ၍ သေဆုံး ဒဏ်ရာရ စစ်သားများကိုဆေးကု သထားသည့် ဆေးထိုးအပ်၊ သွေးစများအပြင် စစ်သားများ၏ အသုံးအဆောင်များကို တွေ့ရှိရကြောင်း ဒေသ ခံများက ပြောသည်။

“ခင်ဦးမြို့ တောင်ဘက် စစ်ကြောင်း တစ်ကြောင်းက လက်ပံကြီးမီးရှို့ပြီး လက်ပံလှ ညအိပ်ဖို့ဝင်သွားပြီ။ ခင်ဦးမြောက်ဘက် စစ်ကြောင်းက မဒေါင်းကြီးရွာကို ဝင်မွှေပြီး ရွာမီးရှို့တယ်။ ပြီးတော့ မဒေါင်းလှနှင့်ဆီဆုံလေးရွာမှာ ပြန်အိပ် တယ်။ ရွာိကု စစ်တပ်က မီးရှို့ထားတာကို မီးငြိမ်းတာတွေ မလုပ်နိုင်အောင် လယ်ယာသုံးရေစုပ်စက်တွေကို သဲတွေနဲ့ ပက်ပြီး ထားခဲ့တော့ မီးအချိန်မီ မငြိမ်းနိုင်ဘူး ။ အခက်အခဲဖြစ်ရတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article