25.4 C
Yangon

ဆားတောင်မြို့ အုပ်ချုပ်ရေးမှူးရုံးမှ ထွေ/အုပ်ဝန်ထမ်း သန့်ဇင် ပစ်ခတ်ခံရပြီး သေဆုံး၊ လှိုင်သာယာနှင့်ပုသိမ်ကြီး မြို့နယ်တို့တွင် ရာအိမ်မှူးနှင့်စစ်မှုထမ်း ဟောင်း တို့ ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၀

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့၊ အုပ်ချုပ်ရေးမှူးရုံးမှ ထွေ/အုပ် ဝန်ထမ်းတစ်ဦးဖြစ်သူ သန့်ဇင်သည် ယနေ့ နံနက်ပိုင်းတွင် ပစ်ခတ်ခံရပြီး သေ ဆုံး သွားကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် ဆားတောင် အုပ်ချုပ် ရေးမှူး နောက်လိုက် လက်ပါးစေလည်း ဖြစ်၊ ဆားတောင်မြို့ ထွေ/အုပ် ရုံးဝန် ထမ်းလည်းဖြစ်သူ သန့်ဇင်ကို ဆားတောင်မိုးကြိုး အဖွဲ့က ဖမ်းဆီး ပစ် ခတ် ရှင်းလင်းခဲ့ကြောင်း ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်က ပြောသည်။

အလားတူ နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် အရှေ့ပိုင်း ၇ ရပ်ကွက် ရာအိမ်မှူး တောသားကြီးကို အမည် မသိ သေနတ်သမားတချို့က ဝင်ရောက်ပစ်ခတ်ရာ တောသာကြီးက ဧည့် စာရင်း လာတိုင်သည့် အမျိုးသမီးကို အကာအကွယ်ယူသဖြင့် ဧည့် စာရင်းတိုင်သူ အမျိုးသမီး ကျည်ထိမှန်ကြောင်း သိရှိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာမှ စစ်မှုထမ်း ဟောင်း နှင့် စစ်တပ် သတင်းပေး အဖြစ် လုပ်ကိုင်နေသူ မြင့်ဆွေကို ယနေ့ နိုဝင် ဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်တွင် G-6 Stars မြို့ပြပျောက်ကြား ညီနောင်နှင့် ပကဖပုသိမ်ကြီးမြို့နယ်တို့က ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ထံမှ သိရှိရသည်။

ဓာတ်ပုံ- ဆားတောင်ထွေ/အုပ်ဝန်ထမ်း သန့်ဇင် ပစ်ခတ်ခံရပြီး သေဆုံးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article