ရန်ကုန်၊ နိုဝင်ဘာ ၂၁
မန္တလေးတိုင်း၊ တံတားဦလေးဆိပ်မှ ယနေ့ နံနက်အစောပိုင်းတွင် တိုက် လေယာဉ် များ ပျံတက်နေပြီး မြောက်ဘက်သို့ပျံသန်းသွားပုံရှိသဖြင့် ကချင် ဘက်သို့ ဖြစ်နိုင်ကြောင်း ပြည်သူများက ရန်ကုန် ခေတ်သစ် သတင်း ဌာနထံသို့ သတင်းပေးပို့ကြသည်။
ယနေ့ နံနက် ၀၀ နာရီ ၃၀ မိနစ်အချိန်မှစ၍ တံတားဦးလေဆိပ်မှ တိုက်လေ ယာဉ် အနည်းဆုံး ၂ စီးထက်မနည်း ပျံတက်သွားကြောင်း ဒေသခံများက ဆိုကြသည်။
” ဒီမနက် ၁၂ နာရီ ၃၀ မိနစ် တံတားဦးလေဆိပ် ကနေ တိုက်လေယာဉ်တွေ တက်သွားပြန်ပြီ။ ဖိုက်တာလေယာဥ်နှစ်စီး မန္တလေးမြောက်ဘက် ရွာတစ် ရွာအပေါ်ကနေ ဖြတ်ပြီး မြောက်ဘက်ကို ပျံသွားတယ်။၂ မိနစ်လောက် ခြားပြီး ပျံသွားတာ။ အသံက အတော်ကျယ်ပေမယ့် ဘာအချက်ပြမီးမှ မမြင်ရဘူး” ဟုဒေသခံတစ်ဦးက ဆိုသည်။
