26 C
Yangon

နေပြည်တော်မှ ဒုလက်ထောက် စစ်ရေးနှင့်စစ်ထောက်ချုပ် ဗိုလ်မှူးနေလင်းထွန်း သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၁

နေပြည်တော်တွင် ဒုတိယလက်ထောက်၊ စစ်ရေးနှင့်စစ်ထောက်ချုပ် ဗိုလ်မှူးနေလင်းထွန်း သေဆုံးသွားပြီး နိုဝင်ဘာလ ၂၀ ရက်နေ့တွင် သဂြိုလ်ကြောင်း နာရေးဖိတ်စာနှင့် ကျန်ရစ် သူမိသားစုဆက်စပ်နေသူတချို့ထံမှ သိရှိရသည်။

ဗိုလ်မှူးနေလင်းထွန်းသည် နိုဝင်ဘာလ ၁၈ ရက်နေ့ နေပြည်တော်ကုတင် ၁၀၀၀ စစ် ဆေးရုံတွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၂၀ ရက်နေ့ နေပြည်တော် (ကွေ့ကြီး) သုဿန်တွင် သဂြိုလ် ခဲ့ကြောင်း သိရှိရသည်။

ဗိုလ်မှူးနေလင်းထွန်းသည် သေဆုံးချိန်တွင် အသက် ၄၃ နှစ်ရှိနေပြီဖြစ်ပြီး သားသမီး ၂ ဦး ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။

“ဘာကြောင့် သေတယ်ဆိုတာမျိုးတော့ အတိအကျ မသိရဘူး။ တိုက်ပွဲမှာဒဏ်ရာရပြီး ဆေးရုံ မှာ သေတာမျိုးလား။ ဒါမှမဟုတ် ရောဂါနဲ့သေသလားတော့ မဝေခွဲတတ်ဘူး။ ဒါပေမယ့် မိသားစုနဲ့ နီးတဲ့ မိတ်ဆွေတွေ ပြောကြ ဆိုကြတာမျိုးအရ တော့ တိုက်ပွဲမှာ ဒဏ်ရာရပြီး သေတဲ့ပုံမျိုးပဲ။ လူမှုကွန် ရက်မှာ ရေးတာသားတာရော တင်တာတွေရောက တိုက်ပွဲ နဲ့ဆက်စပ်ပြီး သေတာမျိုးလို့ ယူဆလို့ ရပါတယ်။ ဘာကြောင့်ဖြစ်ဖြစ်ပါ။ သေသွားတဲ့သတင်းပေးပို့တာပါ ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article