26.3 C
Yangon

သာကေတတွင် ကုန်စုံဆိုင် အနုကြမ်းစီးခံရပြီး အသက် ၆၀ အရွယ်ရှိ ဆိုင်ရှင် ဒေါ်ချောချာကို ဓားဖြင့် ထိုးသတ်ကာ ရွှေ၊ ငွေများ လုယက်သွား

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၄ တောင်ရပ်ကွက်၊ အောင်မေတ္တာလမ်းရှိ ချောရတနာကုန်စုံဆိုင်တွင် ယနေ့ နံနက်ပိုင်း အနုကြမ်းစီးမှု ဖြစ်ပွားပြီး ဆိုင် ပိုင် ရှင်ဖြစ်သူ အသက် ၆၀ နှစ်အရွယ် ဒေါ်ချောချောကို ဓားဖြင့် ထိုး သတ် သွား ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၇ နာရီအချိန် သာကေတ မြို့နယ် ၄/တောင် ရပ်ကွက် အောင်မေတ္တာလမ်းတွင် အိမ်နှင့်ဆိုင် တွဲဖက် ဖွင့်လှစ်ထားသော ကုန် စုံ ဆိုင်ငယ်ကို ဆိုင်ကယ် ၂ စီးဖြင့် လူ ၄ ဦးက ဝင်ရောက်လာပြီး အနုကြမ်း ဝင်စီးကြောင်း၊ နံနက် ၇ နာရီအချိန်ဖြစ်၍ လမ်းပေါ်တွင် လူသွားလူလာများရှိ နေ ကြောင်း၊ ဆိုင်အတွင်းမှ ရွှေလက်ဝတ်ရတနာ များ၊ ငွေကျပ် ၇ သိန်းကျော် ကို လုယူသွားကြောင်း၊အသက် ၆၀ နှစ်အရွယ် ဆိုင်ပိုင်ရှင် ဒေါ်ချောချော ကို လည်း ဓားဖြင့် ထိုးသတ်သွားကြောင်း သိရှိရသည်။

“အဲဒီလုယက်တဲ့သူတွေ ပြန်ထွက်သွားပြီးမှ ရဲကို အကြောင်းကြားရတာ။ စစ်တပ် ရော ရဲရော အကုန်လာစစ်တယ်။ လမ်းခဏပိတ်ပြီး စစ်တယ်။ အနု ကြမ်းစီးသွားတဲ့သူတွေတော့ မမိသေးဘူး။ ဖြစ်သွားတာကလည်း မြန်မြန် ဆန်ဆန်ကြီး။ လမ်းပေါ်မှာလည်း လူတွေရှိပေမယ့် အမှုမဲ့ အမှတ်မဲ့ပဲ။ နောက် မှ ရဲတွေ ရောက်လာမှာ အနုကြမ်းစီးပြီး လူသတ်သွားမှန်းသိတာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက စစ်အာဏာသိမ်းပြီး ယမန်နှစ် ဖေဖော်ဝါရီ ၁ ရက် နေ့ မှစတင်၍ ရန်ကုန် အပါအဝင် မြို့ကြီးများတွင် လုယက်မှု၊ လူသတ်မှု၊ ဓားပြတိုက်မှု များ ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- သာကေတမြို့နယ်တွင် စစ်ဆေးမှုများလုပ်ဆောင်နေသော အကြမ်းဖက် ရဲများ။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article