28 C
Yangon

ခင်ဦးမြို့နယ်၊ စောကြီးရွာ၊ သေနပ်စိန်ရွာ၊ မဒေါင်းကြီးရွာ၊ ရွှေကာ ရွာတို့ကို စစ်တပ်က မီးတင်ရှို့ ၊ အသက်ကြီးပိုင်း ပြည်သူ ၂ ဦးကို စစ်တပ်က သတ် ဖြတ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၁

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ စောကြီးကျေးရွာ၊ သေနပ်စိန်ကျေးရွာ၊ မဒေါင်း ကြီး ကျေးရွာ နှင့် ရွှေကာရွာ တို့ကို စစ်တပ်က ယမန်နေ့ညပိုင်းနှင့် ယနေ့ နံ နက် ပိုင်းတွင် မီးတင်ရှို့လျက်ရှိကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်အချိန် ခင်ဦးမြို့နယ်တွင် လှည့် လည် မီးရှို့နေသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းသည် နံနက် ၉ နာရီ ၁၅ မိနစ်အချိန် စောကြီးကျေးရွာအတွင်းသို့ ဝင်ရောက်လာကြောင်း၊ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် စောကြီးကျေးရွာကို မီးစတင်ရှို့ကြောင်း သိရှိရသည်။

ထို့ပြင် ခင်ဦးမြို့နယ် ၊ သေနပ်စိန်ကျေးရွာကိုလည်း ယနေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန် စစ်ကြောင်း ဝင်ရောက်လာပြီး မီးတင်ရှို့နေကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းက ခင်ဦးမြို့နယ် ပေါင်းလဲကုန်းကျေး ရွာတွင် အိမ်ခြေ ၁၃၆ လုံးကို နိုဝင်ဘာလ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့ တွင် မီးတင်ရှို့ခဲ့ရာတွင် အသက် ၇၀ နှစ်အရွယ် အဘွားတစ်ဦးကိုပါ မီးထဲသို့ ထည့်၍ မီးရှို့ သတ်ဖြတ်သွားကြောင်း၊ အသက် ၅၀ အရွယ် သက်ကြီးပိုင်း တစ်ဦးမှာ လည်း လက်နက်ကြီးထိမှန်ပြီး အမောဖောက်ကာ ဆုံးပါးသွားကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ ညပိုင်းတွင် စစ်တပ်က ခင်ဦးမြို့နယ်၊ မဒေါင်းကြီး ကျေးရွာမှ အိမ်ခြေ ၇၅ လုံး၊ ရွှေကာကျေးရွာှ အိမ်ခြေ ၆၂ လုံးကိုလည်း မီးတင် ရှို့ခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် အကြမ်းဖက်စစ်တပ်က ခင်ဦးမြို့နယ်တွင် စစ်ကြောင်း ၂ ကြောင်း ဖြင့် လှည့်လည်ပြီး ကျေးရွာများကို မီးရှို့နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ခင်ဦးမြို့နယ်၊ ‌ောကြီးကျေးရွာနှင့် မဒေါင်းကြီးကျေးရွာ မီးရှို့ခံရသည့် မြင်ကွင်းများ။

Photo- CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article