33 C
Yangon

မြိုင်မြို့နယ်ဗဟင်းရဲစခန်းအနီးရှိ နေအိမ်များနှင့် ဗဟင်းကျေးရွာကို စစ်တပ်က မီးတင်ရှို့နေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၁

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းရဲစခန်းအနီးရှိ နေအိမ်များနှင့် ဗဟင်းကျေးရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်းမှစတင်၍ မီးတင်ရှို့နေကြောင်း PDF သတင်းရင်းမြစ်များနှင့် ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့မှစတင်ပြီး အင်အား ၁၀၀ ဝန်းကျင်ပါသော စစ်ကောင်စီစစ်ကြောင်းသည် နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းတွင် ဗဟန်းရဲစခန်းသို့ ရောက်ရှိလာကြောင်း၊ ယင်းနောက် ယနေ့ နံနက် ၉ နာရီအချိန်မှစတင်ပြီး ဗဟင်းရဲစခန်းအနီးရှိ နေအိမ်များနှင့် ဗဟင်းကျေးရွာကို မီးတင်ရှို့လျက်ရှိကြောင်း သိရှိရသည်။

“သူတို့က မြိုင်မြို့နယ်၊ဗဟင်း ရဲစခန်းကိုပါ စစ်ခွေးတွေက မီးရှို့နေတာ။ စခန်းကို စွန့်မလို့လားတော့မသိဘူး။ ရွှေဟင်္သာဘုရားကြီးနား Power လက် ဖက်ရည်ဆိုင်အနီး၊ စပေကန်လမ်း ဓမ္မာရုံအနီးနှင့်CB ဘဏ်နား ရွှေထန်းပင်အထည်ဆိုင်အနီး မီးများနေတယ်” ဟု ပခုက္ကူခရိုင်တပ်ရင်း(၇)၊တပ်ခွဲ(၂)၏ တာဝန်ခံ ခွန်းဆက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် တိုက်ပွဲဖြစ် ပွားခြင်းမရှိဘဲ ဗဟင်းကျေးရွာနှင့်ရဲစခန်းကို မီးတင်ရှို့နေခြင်း ဖြစ်ကြောင်း၊ စစ်ကြောင်းများ လှည့် လည်နေသော်လည်း ထိပ်တိုက်တွေ့ဆုံခြင်းမရှိသေးကြောင်း၊ ပြည်သူများအားလုံးမှာလည်း စစ်တပ်စစ်ကြောင်းများ ဝင်ရောက်လာ၍ ထွက် ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article