ရန်ကုန်၊ နိုဝင်ဘာ ၂၁
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ၊ ပျူစောထီးကျေးရွာဖြစ်သည့် တောပုရွာမှ ပျူစော ထီး အဖွဲ့ဝင် စန်းစန်းဝင်း တိုက်ခိုက်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့ မိတ်ဆက်စျေး၌ ပန်းရောင်း နေသည့် တောပုရွာမှ ပျူစောထီးအဖွဲ့ဝင် စန်းစန်းဝင်းကို Area 71 people defense force အဖွဲ့က တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
” မုံရွာ မိတ်ဆက်စျေးမှာ ပန်းရောင်းနေတဲ့ ပျူစောထီးအဖွဲ့ဝင် ဒလန်မ စန်းစန်းဝင်းကို ဒီနေ့ နံနက်ပိုင်းမှာ ရှင်းလင်းခဲ့ပါတယ်။ နေရာမှာတင်ပဲ ပွဲချင်းပြီးသေပါတယ်” ဟု Area 71 people defense force မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
တောပုရွာမှ ပျူစောထီးအဖွဲ့ဝင် ပန်းသည် စန်းစန်းဝင်းသည် အကြမ်းဖက် စစ်ကောင်စီ တပ်သားများအား ရိက္ခာအထောက်အပံ့ ပြုလုပ်ခြင်းနှင့် ဒလန်ပြုလုပ်နေသောကြောင့် Area 71 people defense force က ထုတ်ပြန်ထား သည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် စန်းစန်းဝင်းသည် ပျူစောထီး ဟုတ်၊ မဟုတ် မြေ ပြင်အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိပေ။
အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာတွင် စစ်တပ် သတင်းပေး စစ်မှုထမ်းဟောင်း ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံးခဲ့ ကြောင်းသိရသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ် မရမ်းချောင်းကျေးရွာ မုပ္ပလင်နှင့် စစ်တောင်းကြား သိန်းထိုက်စံကွေ့တွင် အကြမ်း ဖက် စစ်တပ် သတင်းပေး၊ စစ်မှုထမ်းဟောင်း ပြည့်ဖြိုးလင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူ ပြည့်ဖြိုးအောင်သည် စစ်တပ်တွင် တပ်ကြပ်ကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သော စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်ပြီး ကျောဘက်တွက် သေနတ ဒဏ်ရာနှစ်ချက်ရှိပြီး သေဆုံးသူခဲ့ခြင်းဖြစ်ကြောင်းဟလက်ချိန်တွင် dead body ကို ကျိုက်ထိုဆေးရုံးကြီး ပို့ဆောင်ထားကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။
အလားတူ မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ၁၉ လမ်း အဆုတ်ဆေးရုံရှေ့အနီး အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိကြောင်း နယ်မြေခံ သတင်းရင်း မြစ်များထံမှ သိရသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ၁၉ လမ်း အဆုတ်ဆေးရုံ အနီး အပြန် အလှန်ပစ်ခတ်မှု ဖြစ်ပြီး အကြမ်းဖက် စစ်တပ်က ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ် နေကြောင်း သိရသည်။
ဓာတ်ပုံ- မုံရွာတွင် တိုက်ခိုက်ခံရပြီး သေဆုံးသွားသည့် စန်းစန်းဝင်း။