31 C
Yangon

ကျိုက်မရော၊ တောင်ကလေးရဲစခန်းကို KNLA နှင့်PDF ပူးပေါင်းတပ်များ တိုက် ခိုက်မှု စစ်တပ်နှင့်ရဲဘက်မှ ၁၀ ဦးကျဆုံးပြီး လက်နက်ခဲယမ်း အမြောက် အမြား သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၁

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ တောင်ကလေးရဲစခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များက ယနေ့ နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး စစ် တပ်နှင့်ရဲဘက်မှ ၁၀ ဦးသေဆုံးကြောင်း၊ လက်နက်ခဲယမ်း အမြောက် အမြား သိမ်းဆည်းရမိကြောင်းPDF သတင်းရင်းမြစ်များက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုကြသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၅ နာရီခွဲအချိန် KNLA နှင့် PDF တပ်များက တောင်ကလေးရဲစခန်းကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း၊ ယင်း နောက် နံနက် ၆ နာရီခွဲမှစတင်၍ စစ်ကောင်စီတပ်များက ရဟတ်ယာဉ် ၃ စီးဖြင့် ပစ်ခတ်ပြီး ချောင်းနှစ်ခွ နယ်မြေရဲစခန်းဘက်မှ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း၊ စစ်တပ်နှင့်ရဲဘက်မှ ၁၀ ဦးသေဆုံးပြီး လက်နက် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရှိရသည်။

စစ်တပ်နှင့်ရဲဘက်မှ သေဆုံးသူများတွင် ရဲဒုတပ်ကြပ် ကိုကိုလတ်၊ ရဲဒုတပ် ကြပ် ဇွဲပြည့်အောင်၊ ရဲတပ်ကြပ်ကြီး ကျော်မျိုး အပါအဝင် ၁၀ ဦးသေဆုံးခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ဒီမနက် ၅ ခွဲမှာ တောင်ကလေးရဲကင်းစခန်းကို ပူးပေါင်းတပ်တွေ ဝင်သိမ်း တယ်။ မနက် ၆ ခွဲလောက်ကစပြီး ရဟတ်ယာဉ်တွေနဲ့လာပစ်။ ချောင်း နှစ်ခွ ရွာကနေ စစ်ခွေးတွေက လက်နက်ကြီးနဲ့ကူပစ်နေတယ်။ ရွာချင်း ကပ် လျက် ကြံတောရွာမှာလည်း ပစ်ခတ်မှုများရှိနေပါတယ်။ တိုက်ပွဲ ပြင်းထန် ကြာမြင့် နေပြီးတော့ ဂျက်တိုက်လေယာဉ်နှင့် ဗုံး ၂ လုံးကျဲချသွားပါတယ်။ ရွာ သား တွေ အကုန် ထွက်ပြေးနေရပြီး တောထဲမှာ ပုန်းနေရတယ်” ဟု ရန်ကုန် ခေတ် သစ်၏ သတင်းရင်းမြစ်က ပြောသည်။

လက်ရှိ သတင်းရေးသားဖော်ပြနေချိန်အထိ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် တောင်ကလေးရဲစခန်း ပတ်ဝန်းကျင် နေရာပေါင်းစုံကို ရမ်းသမ်းပစ်ခတ်လျက်ရှိနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article