ရန်ကုန်၊ နိုဝင်ဘာ ၂၁
မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews သည်ဟအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တောင်ကိုရီးယား နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့် လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews သည် မြန်မာ့အရေး ဆွေးနွေရန် အတွက် တောင်ကိုရီးယားနိုင်ငံသို့ ၅ ရက်ကြာ ခရီးလာရောက်ခဲ့ခြင်းဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံရှိ မြန်မာ community နှင့်လည်း တွေ့ဆုံခဲ့ကြောင်း NUG အစိုးရ၏ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ ထုတ်ပြန်ထားသည်။