27.1 C
Yangon

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းတွင် ပြင်းအား ၅ ဒသမ ၆ အဆင့်ရှိ ငလျင် လှုပ်ခတ်မှု လူ ၅၆ ဦးသေဆုံးပြီး ၇၀၀ ဒဏ်ရာရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၁

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းတွင် ယနေ့ ပြင်းအား ၅ ဒသမ ၆ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ပြီးနောက် လူ ၅၀ ကျော် သေဆုံးပြီး ၇၀၀ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။။

အနောက်ဂျာဗားပြည်နယ်အုပ်ချုပ်ရေးမှူး Ridwan Kamil က ငလျင်ကြောင့် သေဆုံးသူ ၅၆ ဦးရှိကြောင်း အတည်ပြုခဲ့ပြီး ငလျင်ဗဟိုချက်မှာ မြို့တော် ဂျကာတာ၏ အရှေ့တောင်ဘက် ၇၅ ကီလိုမီတာအကွာ Cianjur မြို့တွင် ဖြစ် ကြောင်း ပြောဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ၏ သဘာဝဘေးအန္တရာယ်အေဂျင်စီ BNPB ၏ အကြီးအကဲက ငလျင်ကြောင့် လူ ၇၀၀ ဒဏ်ရာရခဲ့ပြီး အိမ်ခြေ ၃၀၀ အထိ ပျက်စီးသည် ဟုဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article