25.7 C
Yangon

တောင်ကလေးရဲစခန်းကို တက်သိမ်းခဲ့သည့် မဟာမိတ်ပူးပေါင်းတပ်များတွင် ပါဝင်သည့် Lion Battalion Commando စစ်ကြောင်းမှ ရဲဘော်များ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၁

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ တောင်ကလေးရဲစခန်းကို တက်သိမ်းခဲ့ သည့် မဟာမိတ်ပူးပေါင်းတပ်များတွင် Lion Battalion Commando – ဗျူဟာ စစ်ကြောင်းမှ ရဲဘော်များပါဝင်ခဲ့ပြီး တောင်ကလေး ရဲစခန်း၏ ဆိုင်း ဘုတ်ပေါ် တက်၍ ဓာတ်ပုံရိုက်ခံသည့် ပုံများကို ထုတ်ပြန်သည်။

ယနေ့ နံနက်အစောပိုင်းမှစတင်ပြီး တောင်ကလေးရဲကင်းကို တိုက်ခိုက်ရာ နံ နက် ၁၁ နာရီခွဲ အချိန်တွင် အောင်မြင်စွာတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ် ဘက်မှ ၁၆ ဦးအထိရှိပြီးလက်နက်ငယ် ၁၀ လက် ၊ ၆၀ မမ ၁ လက် နှင့်အတူ ကျည်သီးများစွာ သိမ်းဆည်းရမိကြောင်း Lion Battalion Commando – ဗျူဟာစစ်ကြောင်းက သတင်းထုတ် ပြန်သည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၅ နာရီခွဲအချိန် KNLA တပ်ရင်း ၁၆၊ အထူး စစ် ဆင်ရေးတပ်ဖွဲ့- S.O.F၊ ကော်သူးလေအာမီ၊ Saw Dragon Drone Force နှင့် ARMS ဒရုန်းအဖွဲ့ တောင်ကလေးရဲစခန်းကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက် ခဲ့ ကြောင်း၊ ယင်း နောက် နံနက် ၆ နာရီခွဲမှစတင်၍ စစ်ကောင်စီတပ်များက ရ ဟတ် ယာဉ် ၃ စီးဖြင့် ပစ်ခတ်ပြီး ချောင်းနှစ်ခွ နယ်မြေရဲစခန်းဘက်မှ လက် နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း၊ စစ်တပ်နှင့်ရဲဘက်မှ သေဆုံး မှုများပြီး လက်နက် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရှိရသည်။

စစ်တပ်နှင့်ရဲဘက်မှ သေဆုံးသူ ၁၀ ဦးတွင် ရဲဒုတပ်ကြပ် ကိုကိုလတ်၊ ရဲဒုတပ် ကြပ် ဇွဲပြည့်အောင်၊ ရဲတပ်ကြပ်ကြီး ကျော်မျိုးတို့ပါဝင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article