27.7 C
Yangon

ကျွန်းလှမြို့နယ်မှ အိမ်ခြေ ၂၀၀ ခန့်ရှိသော ခဝါသည်ကျေးရွာကို စစ်တပ်က ညအချိန်အထိ မီးတင်ရှို့နေ၊ ပြည်သူ ၇၀၀၀ ခန့် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၁

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ အိ‌မ်ခြေ၂၀၀ ခန့်ရှိသော ခဝါသည်ရွာကို အကြမ်းဖက်စစ်တပ်က နိုဝင်ဘာလ၂၁ရက် နေ့လယ်ပိုင်းက စတင်ပြီး မီးရှို့ လျက်ရှိရာ ယနေ့ညပိုင်းအထိ ရွာလုံးကျွတ် လောင်ကျွမ်းလျက်ရှိကြောင်း ‌ ဒေသခံများထံမှ သိရသည်။

အင်အား၃၀၀ခန့်ရှိသော စစ်ကောင်စီတပ်သည် ခဝါသည်ရွာကို မွန်းလွဲ ၃နာရီ မှ စတင်၍ မီးရှို့ဖျက်ဆီးနေပြီး ညနေပိုင်းတွင် တန့်ဆည်မြို့နယ်၊ နနွင်း တောရွာ သို့ ဝင်ရောက် တပ်စွဲလျက်ရှိကြောင်း၊ ခဝါသည်ရွာတွင်လည်း စစ်သားများ ကျန်ရှိနေပြီး နေအိမ်များကို မီးဆက်ရှို့နေခဲ့ကြောင်း စစ်ဘေး ရှောင် ဒေသခံ တစ်ဦးက‌ ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

“နေ့လယ်တုန်းက ခဝါသည်ကို မီးရှို့တာ အခုည၉နာရီကျော်ထိ လောင်နေ တာပါ၊ ရွာလုံးကျွတ်နီးပါးပဲ။ အခု တန့်ဆည်နယ်ထဲက နနွင်းတောရွာကို တပ် စွဲ ထားတယ်၊ ခဝါသည်ထဲမှာလည်း စစ်ခွေးတွေ ကျန်ခဲ့ပြီး ဆက်ရှို့နေတယ် ကြားတယ်”ဟု စစ်ဘေးရှောင် ဒေသခံကပြောသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာသောကြောင့် တန့်ဆည်မြို့ နယ် နှင့် ကျွန်းလှမြို့နယ်တို့မှ ပြည်သူ၇၀၀၀ခန့် စစ်ဘေး‌ရှောင်နေကြရ‌ကြောင်း သိရသည်။

ဓာတ်ပုံ- ယနေ့ည အချိန်အထိ စစ်တပ်က မီးတင်ရှို့သဖြင့် မီးလောင်နေသော ခဝါသည်ကျေးရွာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article