ရန်ကုန်၊ နိုဝင်ဘာ ၂၁
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်၊ မကွေးတိုင်း ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်၊ စစ်ကိုင်းတိုင်း မြောင်မြို့နယ်နှင့် ခင်ဦးမြို့နယ်တို့တွင် စစ်ကောင်စီ တပ်သား များကို တိုက်ခိုက်မှု ၁၈ ဦးသေဆုံးကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ထံမှ သိရသည်။
ထားဝယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံး
တနင်္သာရီ ထားဝယ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကာ ကွယ် ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရကြောင်း သိရသည်။
နိုင်ဝင်ဘာ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၂၈ မိနစ်တွင် ထားဝယ်-ထီးခီး လမ်းပိုင်း မှ ထားဝယ်ဘက်သို့ဝင်လာသသည့် အကြမ်းဖက် စစခတပ် စစ်ကြောင်းကို ထားဝယ်ဟအရှေ့တော ပြည်သူ့ကာကွယ်ရေး အင်အားစု၊ သံမဏိပျောက် ကျားတပ်ဖွဲ့နှင့် Kawthoolei Army ဆာကဆောတပ်မဟာ ၂ တို့က ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဟထုတ်ပြန်ထားသည်။
ပခုက္ကူတွင် စစ်တပ်နေရာများကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ များကို ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
နို၀င်ဘာလ ၂၁ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်ခန့်တွင် ပခုက္ကူခရိုင် အခြေစိုက် အရှေ့ချောက်ကန်ရွာနှင့် ကိုးပင် ကျောင်းအတွင်း တပ်စွဲနေထိုင်နေသော စစ်ခွေးအင်အား အကောင် ၂၀ ခန့်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ၄၀ မမ ၂ လုံး၊ ၈၀ မမ ၁ လုံး နှင့် ပစ်သွင်း တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦး သေ ဆုံးခဲ့ပြီး ၄ ဦး အပြင်းအထန် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာကို နဂါးညီနောင် ပျောက် ကျား အဖွဲ့မှ တိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေး ရဲဘော်များမှ အထိခိုက်မှုမရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။
မြောင်တွင် ရဲကင်းပုန်းများကို တိုက်ခိုက်မှု ၃ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ် ရဲစခန်းမှ ထွက်လာသည့် ရဲ ၁၀ ဦး ကို ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၂၀ ရက်နေ့ ည ၇ နာရီခန့်တွင် မြောင်မြို့နယ်၊ကျောက်ရစ် ရဲစခန်းမှ ရဲ ၁၀ ကို ဒေသသာမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ၂ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
” စခန်းကနေ ကင်းပုန်းဝတ်ဖို့လာတဲ့ ရခ၁၀ကောင်ကို ပဒေသာမိုင်း၁၀လုံးနဲ့ ကျောက်ရစ်နဲ့ သရက်ကန် အကြားအရောက် မိုင်းဆွဲလိုက်တယ်။ ၂ ကောင်က တော့ နေရာတင်သေတယ်။ ၃ကောင်ကတော့အခြေအနေ မလှလို့ ကျော က် တန်း ကျေးရွာဘက် စစ်ကြောင်းနဲ့ လိုက်ပို့တယ်” ဗိုလ်တောက်ထွန်းက ပြော ဆိုသည်။
မြိုင်တွင် စစ်တပ် ဂိတ်စခန်းများကို တိုက်ခိုက်
မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ကာကွယ် ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်၏ မြိုင်ချောင်းဆုံ ဂိတ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ယင်းမာပင်ခရိုင်တပ်ရင်း (၁၁) /ပုလဲ တပ်ရင်း (၅)၊ ကျားသစ်နက်တပ်မတော်(B.L.P.A)၊ ကျားသစ်နက် တပ်မတော် (B.L.P.A) တပ်ခွဲ(၁)၊ ကျားသစ်နက်တပ်မတော် (B.L.P.A)တပ်ခွဲ(၂)နှင့် ကျား သစ်နက် တပ်မတော် (B.L.P.A) မြိုင်တပ်ခွဲတပ်ခွဲ(၄) တို့ပူးပေါင်းကာ မြိုင် ချောင်းဆုံ ဂိတ်ကိ် တာဝေးပစ် rocket ရှော့တိုက်ဒုံးများ၊ ၈၀ မမတို့ဖြင့်
ပစ် ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ခင်ဦးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၇ ဦးသေဆုံး၊ အလောင်းများကို မီးရှို့ဖျောက်ဖျက်
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ကျေးရွာများကို မီးရှို့နေသော စစ်ကြောင်း များကို ကာကွယ်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦးသေဆုံး ကြောင်း သိရသည်။
ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နိုဝင်ဘာလ ၁၇ ရက်နေ့မှ စတင်ကာ ရေဦးမြို့ဘက်မှ ကား ၃ စီးဖြင့် ဝင်ရောက်လာပြီး ပေါင်းလဲ ကုန်းရွာ၊ လိပ်ရကုန်းရွာ၊ လက်ပံကြီးရွာများကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရ သည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၎င်းတို့ ဝင်ရောက်လာသည့် နေ့မှ စတင် ကာ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များကလည်း တောက်လျောက် လိုက်လံ တိုက် ခိုက်ခဲ့ပြီး စစ်သား ၇ ဦးသေဆုံးခဲ့ပြီး အလောင်းများကို မီးရှို့ဖျောက် ဖျက် သွားကြောင်း သိရသည်။
“ကျွန်တော်တို့ KS Oတပ်ဖွဲ့နဲ့ မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များတွေ ပူးပေါင်း ပြီး ၂ ဆင့်ကွဲ လက်လုပ်ပြောင်းများ၊ တိုက်မိုင်းများ၊ ဆွဲမိုင်းများနဲ့ လိုက်လံ တိုက်ခိုက်ခဲ့ပါတယ်။ ကျေးရွာတစ်ရွာမှာ အကြမ်းဖက် စစ်ခွေးတွေက ခွေး ၇ ကောင်ထက်မနည်း အလောင်းတွေကို ဖျောက်ဖျက် မီးရှို့သွားတယ်” ဟု Khin U Special force Organization KSO အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြော ဆိုသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို Khin U Special force Organization KSO အဖွဲ့နှင့် အတူ မဟာမိတ်များက လိုက်လံ တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာရ စစ် သားများကို ယနေ့တွင် လက်ပံလှရွာမှ ခင်ဦးမြို့ပေါ်ရဲ စခန်းထဲ ဆေးကုသရန် ခေါ်ဆောင်သွားကြောင်း သိရသည်။
Photo – ခင်ဦးတွင် Khin U Special force Organization KSO အဖွဲ့ နယ် မြေရှင်းလင်းရေး လုပ်ဆောင်စဥ် အကြမ်းဖက် စစ်သား အလောင်းများကို မီးရှို့ ဖျောက်ဖျက်သွားသော ပြာပုံနှင့် ဒဏ်ရာရ စစ်သားများ သုံးစွဲသွားသော ပစ္စည်းများ။