25 C
Yangon

တောင်ဥက္ကလာတွင် စစ်တပ်တပ်စွဲထားသော မီးသတ်စခန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးထိခိုက်နိုင်၊ အင်းစိန်၊ လှိုင်၊ မရမ်းကုန်းနှင့်တောင်ဒဂုံတို့တွင် ဗုံးပေါက်သံနှင့်ပစ်ခတ်သံများကြားရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ရန်ကုန်၊ တောင်ဥက္ကလာမြို့နယ်၊ မေတ္တာလမ်းပေါ်ရှိ မီးသတ်စခန်းမှ စစ်ကောင်စီ တပ်သားများ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီအချိန် မေတ္တာလမ်းပေါ်ရှိ မီးသတ်စခန်းမှ လူများက စစ်ယူနီ ဖောင်းလဲပြီး ပြည်သူများအပေါ် အကြမ်းဖက်စစ်ဆေးမှုများ ပြုလုပ်နေစဥ် အဝေးထိန်း ဗုံးဖြင့် ၎င်းတို့ နေထိုင်ရာ အဆောက်အဦကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Yangon Defense Force Black Fox အဖွဲ့က ပြုလုပ်ခဲ့ပြီး Star light (Mo1) အဖွဲ့က လက် နက်ခဲယမ်း ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“မီးသတ်စခန်းထဲမှာ စစ်တပ််ဘက်က အရာရှိကြီးတစ်ကောင်ပါ ရောက်နေတာပါ။ မိုင်းဆွဲတဲ့အချိန်က ။ အဲဒီအချိန်မှာ ခွဲလိုက်တာ မီးသတ်စခန်းမှူး မိန်းမလည်း ထိတယ်ကြားတယ်” ဟု ရဲဘော်တစ်ဦးက ပြောသည်။

ယနေ့ ည ၈ နာရီ ဝန်းကျင်အချိန် လှိုင်၊ မရမ်းကုန်း၊ အင်းစိန်၊ တောင်ဒဂုံတို့တွင် ပစ်ခတ်သံ နှင့်ဗုံးကွဲသံများကြားရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်များ တပ်စွဲနေပြီဖြစ်သော တောင်ဥက္ကလာမြို့နယ် မီးသတ်စခန်း။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article