ရန်ကုန်၊ နိုဝင်ဘာ ၂၁
ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်မှ တိုက်လေယာဉ် ၃ စီး ပျံတက်သွားပြီး ကရင်ပြည်နယ်ဘက်သို့ ဦး တည်နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့ ည ၁၁ နာရီ ၃၀ အချိန်တွင် မှော်ဘီလေတပ်မှ တိုက်လေယာဉ် ၃ စီး ရှေ့ဆင့် နောက် ဆင့် ပျံတက်သွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။
လေတပ်သတင်းရင်းမြစ်ကမူ ယနေ့ညသန်းခေါင်ယံနှင့် နံနက်အစောပိုင်းတွင် မှော်ဘီလေတပ်မှ တိုက် လေယာဉ်များသည် ကရင်ပြည်နယ်ဘက်သို့ အထူးစစ်ဆင်ရေး ပြုလုပ်နေသည်ဟု အတည်ပြုပြောဆိုသည်။