27 C
Yangon

မြန်မာစစ်တပ်က မှာယူထားသော တရုတ် FTC 2000 G တိုက်လေယာဉ် ၆ စီး နမ့်စန် လေတပ်စခန်း ဌာနချုပ်သို့ ပျံသန်း ရောက်ရှိမည်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၂

မင်းအောင်လှိုင် ခေါင်းဆောင်သော မြန်မာ အကြမ်းဖက်စစ်တပ်က မှာယူထားသော တရုတ်နိုင်ငံလုပ် FTC 2000 G တိုက်လေယာဉ် ၆ စီးသည် နိုဝင်ဘာလ ၂၂ ရက်နေ့မှ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ နှစ်သုတ်ခွဲ၍ နမ့်စန်လေတပ်စခန်းဌာနချုပ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်း ရင်းမြစ်က ပြောသည်။

မြန်မာလေတပ်က တရုတ်နိုင်ငံ၊ Guizhou Aviation Industries Corporation (GAIC) က ထုတ် လုပ်သည့် FTC 2000 G အမျိုးအစား ၂ ယောက်မောင်း Fighter လေယာဉ် ၆ စီးကို မှာယူခဲ့ကြောင်း၊ ယင်းလေယာဉ်များကို တရုတ်ပြည်၊ ယူနန်ပြည်နယ်၊ Xishuangbanna Gasa လေ ဆိပ်မှ နမ့်စန် လေတပ်စခန်းဌာနချုပ်ထံသို့ နိုဝင်ဘာ ၂၂ ရက်နေ့မှ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ တစ်ကြိမ်လျှင် လေယာဉ် ၃ စီးဖြင့် တစ်အုပ်စုအဖြစ် အုပ်စုဖွဲ့၍ ပျံသန်းလာမည်ဖြစ်ကြောင်း သိရှိရသည်။

တံတားဦးလေတပ်စခန်းမှ A-5 တိုက်လေယာဉ်မောင်း အမှတ် ၆၄ အုပ်မှ ပိုင်းလော့တချို့လည်း တရုတ် နိုင်ငံလုပ် FTC 2000 G တိုက်လေယာဉ်မောင်း သင်တန်းများ တက်ရန် တရုတ်ပြည်သို့ သွား ရောက်ခဲ့ကြကြောင်း၊ တရုတ်လုပ် FTC 2000 G တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၈ သန်းခွဲဝန်းကျင် ကျသင့်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- တရုတ် FTC 2000 G လေယာဉ်တစ်စင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article