27 C
Yangon

KNU တပ်မဟာ ၅ နယ်မြေရှိ ဖာပွန်ရဲစခန်း၊ လယ်တိုးစခန်း၊ ကော်သွေးကျိုးစခန်းများ ကို KNLA တပ်က ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၂

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ KNU တပ်မဟာ ၅ နယ်မြေရှိ ဖာပွန်ရဲစခန်း၊ စစ်တပ်လယ်တိုးစခန်း၊ ကော်သွေးကျိုးစခန်းများ ကို KNLA တပ်က ဝင်ရောက်တိုက်ခိုက်ကြောင်း KNU-Mutraw Newsက သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၉ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ၂၀ မိနစ် အချိန် KNLA-ကရင် အမျိုးသား လွတ်မြောက် ရေးတပ်မတော်၊ အမှတ် ၅ တပ်မဟာလက်အောက်ရှိ တပ်ရင်းက အကြမ်းဖက် စစ်ကောင်စီ ၏ လယ်တိုး စခန်းကို ဝင်ရောက်တိုက်ရာ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုမည်မျှရှိသည်ကို သတင်း အတိအကျမရရှိသေးကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာ ၁၈ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ်အချိန် KNLA-ကရင်အမျိုးသား လွတ်မြောက် ရေး တပ်မတော်၊ အမှတ်(၅)တပ်မဟာက အကြမ်းဖက်စစ်ကောင်စီ၏ ကော်သွေးကျိုးစခန်း တောင်ခြေ မှ ရေဆိပ်တွင်ဝင်ရောက်ပစ်ခတ်ရာ စစ်သား ၁ ဉီးသေဆုံးကြောင်း၊ စစ်သား ထိခိုက်ဒဏ်ရာရရှိမှု အခြေ အနေကို မသိရသေးကြောင်း သိရှိရသည်။

ထို့အတူ နိုဝင်ဘာလ၁၆ ရက်၊ မွန်းလွဲ ၂ နာရီ ၄၂ မိနစ်အချိန် KNLA-ကရင် အမျိုးသား လွတ် မြောက် ရေး တပ်မတော်၊ အမှတ်(၅)တပ်မဟာ လက်အောက်ရှိ စစ်သည်များက မူတြော်ခရိုင်၊ ဘူးသို မြို့နယ်ရှိ စစ်တပ်၏ လယ်တိုးစခန်းကိုရှောင်တခင်ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဉီး ထိခိုက် ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။

ထို့ပြင် နိုဝင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၂ မိနစ်အချိန် ဖာပွန်မြို့ရဲစခန်းကို ဝင်ရောက် တိုက် ခိုက် ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲသားတစ်ဉီးသေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- KNLA တပ်ဖွဲ့ဝင်များ။ Photo – AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article