25 C
Yangon

ချမ်းမြသာစည်မြို့နယ်မှ အိမ်ခြေ ၅၀၀၀ ခန့်ကို ကျူးကျော်ဟုဆိုကာ ညတွင်းချင်းဖျက်ခိုင်း၊ ပြည်ကြီးတံခွန်တွင်လည်း လူနေအိမ်များကို ဖျက်ဆီးနေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၂

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်မှ အိမ်ခြေ ၅၀၀၀ ခန့်ကို ကျူးကျော်ဟုဆိုကာ စစ်တပ်က ယမန်နေ့ညတွင်းချင်းဖျက်ခိုင်း နေသဖြင့် ပြည်သူများ ဒုက္ခရောက်နေကြကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ညပိုင်းတွင် ချမ်းမြသာစည်မြို့သစ် သိုးခြံရထားသံလမ်းဘေးတစ်လျှောက်တွင်နေထိုင်နေသော အိမ်ခြေ ၅ထောင်နီးပါးကို ညတွင်းချင်း ဖျက်ခိုင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

“အခု ချမ်းမြသာစည်မြို့သစ် သိုးခြံရထားသံလမ်းတစ်လျှောက် အိမ်တွေ ဖျက်တော့မယ်ပြောတယ်။ မနေ့ညက ညတွင်းချင်း ဖျက်ခိုင်းတာ။ အခုမနက်တော့ ခွေးတွေ ဖျက်ဖို့လုပ်နေကြပြီ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် ဇီးအုပ် ရပ်ကွက်သစ်ကို အကြမ်းဖက်စစ်တပ်၊ ရဲနှင့် စည်ပင်များက နေ့စဉ် ဖျက်ဆီးလျက်ရှိသဖြင့် ပြည်သူများမှာ ကိုယ်ပိုင်ပစ္စည်းများပင်ယူခွင့်မရှိဘဲ အိုးအိမ်နှင့်ပစ္စည်းများ ဖျက်ဆီးခံရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article