ရန်ကုန်၊ နိုဝင်ဘာ ၂၂
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းကျေးရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ ဖျက်ဆီးမှုကြောင့် နေအိမ် ၅၂ လုံး ပြာကျခဲ့ကြောင်း မြိုင်မြို့ နွေဦးတော်လှန်ရေး အဖွဲ့ထံမှ သိရသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ပိုင်းတွင် ဗဟင်း ရဲစခန်းမှ စစ်သားနှင့်ရဲများက ရဲစခန်းကို မီးရှို့ဖျက်ဆီးပြီးနောက် ညနေပိုင်းတွင် ကျေးရွာအတွင်းမှ ပြည်သူပိုင် နေအိမ် ၅၂ လုံးကို ထပ်မံ မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင် ဆိုင်ကယ်နှင့် ကားများကိုလည်း မီးရှို့ကာ ရဲစခန်းကို စွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။
” စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗဟင်းကျေးရွာက ရဲစခန်းနဲ့ ပြည်သူပိုင်နေအိမ် ၅၂ လုံးကို မီးရှို့ဖျက်စီးသွားပြီး ဒီနေ့ နံနက် ၈ နာရီလောက်မှာ စခန်း ကနေ ထွက်ခွာသွားတယ်။ စစ်ခွေးတွေက မနေ့က နံနက်ပိုင်းတည်းက ဗဟင်းရဲစခန်းကို စတင်မီးရှို့ဖျက်စီးကာ ပြည်သူပိုင်နေအိမ်များကိုလည်း လိုက်လံမီးရှို့ဖျက်စီးခဲ့တာပါ” ဟု မြိုင်မြို့ နွေဦးတော်လှန်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။