19 C
Yangon

စစ်ကိုင်းတိုင်းမှ PDF များကို အသိဉာဏ်မဲ့သူများဟု ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီပြော၊ မျက်ရည်ကိုသုတ် ဓားကိုဆုပ် ရှေ့တိုးရင်ဆိုင်ရန် ပါတီဝင်များကို စေခိုင်း

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၂

စစ်ကိုင်းတိုင်းမှ PDF များသည် အသိဉာဏ်မဲ့လူငယ်များဖြစ်‌ပြီး ကြံ့ဖွတ် ပါတီ ဝင် များအနေဖြင့် မျက်ရည်ကိုသုတ် ဓားကိုဆုပ် ရှေ့တိုးရင်ဆိုင်ရန် ကြံ့ဖွတ် ဥက္ကဋ္ဌ ခင်ရီက ပါတီဝင်များကို မှာကြားသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ ကြံ့ဖွတ်ပါတီဝင်များနှင့် တွေ့ ဆုံ စဉ် ထိုသို့ ပြောဆိုခြင်းဖြစ်ကြောင်း ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီက ၎င်း၏ လူမှု ကွန် ရက်တွင် ရေးသား သတင်းထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်းသည် ဧရိယာစတုရန်းကီလိုမီတာ ၉၃,၇၀၂ ကျယ်ဝန်းပြီး လူဦး ရေ ၅ ဒသမ ၄ သန်းကျော်ရှိသည့် ကြီးမားကျယ်ပြန့်သည့် တိုင်းကြီး တစ်ခု ဖြစ် ကြောင်း ၊စစ်ကိုင်းတိုင်းမှ လူငယ်ဦးရေ၊ ပညာရေးအခြေအနေ၊ အလုပ် အကိုင်အခွင့် အလမ်းများအပေါ် ဆက်စပ်ပြီး အကြမ်းဖက်မှုများ မြင့်တက် အဆိုးဝါးဆုံးဖြစ်ရသည်ကို သုံးသပ်ခဲ့ကြောင်း၊ PDF များသည် အသိမဲ့ လူငယ် များ ဖြစ်ကြောင်း ၊ ကချင်ပြည်နယ်မှ လက်နက်ကိုင် အဖွဲ့အစည်း များက စစ်ကိုင်းတိုင်းကို မြေပြင်နှင့် ရေကြောင်းမှ ချဉ်းကပ်လာနိုင်သည့် လမ်းကြောင်း များကို ထိန်းချုပ်ထားကြောင်း၊ ဆက်စပ်နယ်မြေများဖြစ်၍ ဖြန့်ခွဲ တိမ်း ရှောင်နိုင်သော နေရာဖြစ်ကြောင်း၊ PDF ကဲ့သို့ အသိမဲ့လူငယ်များကို ရှေ့ထွက် ခံစစ်အဖြစ် အသုံးချနိုင်သည့် နေရာတစ်ခုအဖြစ် ကြိုတင်သုံးသပ် မိ ကြောင်း၊ မူးယစ်ဆေးဝါး သယ်ဆောင်ရေး လမ်းကြောင်းများနှင့် ဆက်စပ် သည့် နယ်မြေတစ်ခုလည်းဖြစ်ကြောင်း ကြံ့ဖွတ်ခင်ရီက ပြောဆိုထားသည်။

ကြံ့ဖွတ်ပါတီအနေဖြင့် လက်ရှိတွင် မျက်ရည်ကို သုတ် ဓားကိုဆုပ်၍ ရှေ့တစ် လှမ်းတိုးရင်ဆိုင်ကြရမည်ဖြစ်ကြောင်း ခင်ရီက ပြောဆိုသွားသည်။

“အခုအချိန်ကစပြီး မှတ်ထားဖို့က ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး။ ကျွန်တော် တို့မှာ ပါတီဆိုတဲ့ အစုအဖွဲ့ကြီးရှိတယ်။ တစ်ယောက်အားနဲ့မရရင် အများအားနဲ့ ဆောင်ရွက်ရမယ်။ ငါ့နောက်မှာ၊ ငါ့ဘေးမှာ၊ ငါ့အဖေရှိတယ်၊ ငါ့အစ်ကိုရှိတယ်၊ ငါ့မောင်တွေရှိတယ်၊ ခင်ဗျားတို့ရှေ့မှာ အနစ်နာခံဖို့ အဆင် သင့်ရှိနေဆဲပဲ၊ ရှေ့ခရီးမှာ သားသမီးတွေအတွက် ဘာလုပ်မလဲဆိုတာ စဉ်းစား ရမယ်။ ကူညီပေးဖို့ ၊ နားထောင်ဖို့၊ ဖြေရှင်းဖို့ ကျွန်တော်လာခဲ့တာပါ။ အချိန် တစ်ခုရောက်လာတဲ့အခါမှာ မျက်ရည်ကိုသုတ်၊ ဓားကိုဆုပ်၊ ရှေ့တစ် လှမ်း တိုးကြပါစို့” ဟု ခင်ရီက ပြောဆိုထားသည်။

တန့်ဆည် PDF မှ လူငယ်ခေါင်းဆောင်တစ်ဦးကမူ ပညာမတတ်ဘဲ တိုင်းပြည် ကို အဓမ္မအကြမ်းဖက် အုပ်ချုပ်နေချင်သည့် အာဏာရူးများ၏ ပြောဆိုချက်ကို ဂရုမစိုက်ဟု ကြံ့ဖွတ်ခင်ရီ၏ ပြောဆိုချက်အပေါ် ပြန်လည် တုံ့ပြန်သည်။

“ကျနော်တို့ PDF‌တွေက အသိဉာဏ်ရှိလွန်းလို့ မတရားတာကို မတရားမှန်း သိပြီး တိုင်းပြည်ကို အောက်ဆုံးရောက်အောင်လုပ်နေတဲ့ အာဏာရူးတွေကို တော်လှန်နေတာပါ။ ပညာမတတ်ဘဲ တိုင်းပြည်ကို အဓမ္မအကြမ်းဖက်ပြီး အုပ်စိုးချင်နေတဲ့ အာဏာရူးတွေပြောတာကို ပြည်သူတွေက ဂရုတောင် စိုက် နေမှာမဟုတ်ပါဘူး” ဟု တန့်ဆည် PDF မှ လူငယ်ခေါင်းဆောင်တစ်ဦးက သုံးသပ်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article