19 C
Yangon

မြိုင်၊ ပုလဲ၊ ပခုက္ကူ၊ မြင်းမူနှင့်ထားဝယ် တို့တွင် စစ်ကြောင်းများကို PDFများက တိုက်ခိုက်မှု စစ်သား ၁၅ ဦးသေဆုံး

Must read

By ရန်ကုန်ခေတ်သစ်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်နှင့် ပုလဲမြို့နယ်၊ မကွေးတိုင်း၊ မြိုင်မြို့နယ် နှင့်ပခု က္ကူ မြို့နယ်၊ တနင်္သာရီတိုင်း ထားဝယ်တို့တွင် စစ်ကြောင်းများကို PDF တပ် များ က တိုက်ခိုက်ပြီး စစ်သား ၁၅ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေး တပ် ဖွဲ့ များ က ပြောဆိုကြသည်။

မြိုင်တွင် စစ်ကောင်စီ တပ်သားများကို PDF အဖွဲ့များ တိုက်ခိုက်မှု ၂ ဦးသေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီ တပ်သားများကို PDF အဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်တွင် လက်နက် အပြည့် အစုံ ဖြင့် မြေပဲဖော်ထွက်လာသော မြိုင်မြို့နယ်တောင်ပိုင်း သရက်ကွရွာ ပျူစခန်းမှ ပျူစောထီးများကို သရက်ကွရွာ အနောက်တောင်ဘက်တွင် ကာကွယ်ရေး တပ်ဖွဲ့ များက ကင်းပုန်းဝပ် အသင့်စောင့်ဆိုင်းပြီး ပစ်ခတ် တိုက် ခိုက်ခဲ့ သော ကြောင့် ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက လက်နက် အပြည့်အစုံနဲ့ လုံခြုံရေး ယူပေးပြီး မြေပဲ ဖော်ထွက် လာတဲ့အချိန် သရက်ကွရွာရဲ့ အနောက် တောင်ဘက်မှာ PDF ရဲဘော်တွေက ကင်းပုန်းဝပ်ပြီး အသင့်စောင့်ဆိုင်းနေတာ အလစ်အငိုက် ပစ်ခတ်တိုက် ခိုက် ခဲ့တယ်။ ဆယ်မိနစ်ခန့်အကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီးတော့ စစ် ခွေး နဲ့ ပျူစောထီး အများအပြား ထိခိုက် ဒဏ်ရာရရှိပြီး ပျူစောထီး ၂ ကောင် နေရာ မှာ တင် ပွဲချင်းပြီး ဂိန်သွားတယ်” ဟု Middle Revolution Task Force (MRTF) အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ saw htoowa ကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Middle Revolution Task Force (MRTF)၊ ဝံပုလွေ ပြောက် ကျားတပ်ဖွဲ့(မြိုင်)၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)၊ JRT၊ GOE၊ Royal Seven တပ်ဖွဲ့နှင့် ကိုအောင်ကြီးတပ်ဖွဲ့ တို့ ပူးပေါင်း တိုက် ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပုလဲထွေ/အုပ်ရုံး ပစ်ခတ်ခံရပြီး စစ်သား ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ပုလဲမြို့ပေါ် ထွေအုပ်ရုံးတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်များကို ယနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ နံနက် ၁၀နာရီကျော် အချိန် လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ စစ်သား ၅ ဦးသေ ဆုံးကြောင်း ဒေါင်းနက်ပြည်သူကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

“ပထမ ၇၀ မမ ၂လုံး နဲ့ ထွေအုပ်ရုံးထဲပစ်ခတ်တယ်။ ၂လုံး စလုံး ထွေအုပ်ရုံး ထဲကျတယ်။ အဲလိုသူတို့ပစ်လို့ဆိုပြီး မြို့ပြင်ကို ထွက်ပြီးကျွန်တော်တို့ကို ပစ် တယ်။ ခဏလောက်ထိပ်တိုက် တိုက်ပွဲဖြစ်တယ်။ သူတို့ထပ်တက်လာလို့ ရှေ့ထွက်မိုင်းတစ်လုံးနဲ့ထပ်ခွဲခဲ့တယ်။ ၇၀ မမ နဲ့ပစ်တာကတော့ ၅ ယောက် သေပြီး ၆ယောက်ဒဏ်ရာရတယ်လို့တော့သိထားရတယ်။ ကျနော်တို့ဘက်က စစ်ဆင်ရေးကို ရဲဘော် ၁၄ဦးနဲ့ပဲ လုပ်ခဲ့တာဖြစ်လို့ အထိအခိုက်မရှိခဲ့ဘူး” ဟု ဒေါင်းနက်ပျောက်ကျားတပ်ဖွဲ့မှ ခေါင်းဆောင် ဆရာပေကပြောသည်။

ယခုတိုက်ခိုက်မှုကို ရဲဘော် ချစ်ငယ် ဦးဆောင်သည့် ယင်းမာပင်ရိုင် တပ်ရင်း -၁၀၊ ဒေါင်းနက် -နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့ ၊ တပ်ရင်း -၈ ၊ ပုလဲဂျိုကာ အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပခုက္ကူ၊ အနောက်ဘုန်းကန်ကျေးရွာတွင် တပ်စွဲထားသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် ပခုက္ကူမြို့နယ် အနောက် ဘုန်းကန်ကျေးရွာတွင် စခန်းချနေထိုင်နေသော စစ်ကြောင်းကို Earthquake People’s Defense Force နှင့် မဟာမိတ်အဖွဲ့များက လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲတွင် စစ်ကောင်စီ ဘက်မှ စစ်သား ၃ ဦး ထက်မနည်းသေဆုံးပြီး ထိ ခို က် ဒဏ် ရာများ ရရှိကာ သေဆုံးမှု များပြားနိုင်ကြောင်း သိရှိရသည်။

မြင်းမူမြန်မာ့စီးပွားရေးဘဏ်ရှေ့မှ လုံခြုံရေး စစ်တပ် ဗုံးဖြင့် အပစ်ခံရမှု စစ်သား ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့တွင် ယနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ ည ၇ နာရီ ၃၅ မိနစ် အချိန် မြန်မာ့စီးပွားရေးဘဏ်ရှေ့ ကင်းစောင့်နေသည့် အကြမ်းဖက် စစ်ကောင် စီ တပ်ဖွဲ့ဝင် ၇ ဦး အရက်ဝိုင်းဖွဲ့သောက်နေစဉ် လက်ပစ်ဗုံးဖြင့် ပစ်ခံရပြီး ၅ ဦး သေဆုံးကြောင်း၊ စစ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်းနှင့် မစ်ရှင် ဆောင်ရွက်သည့် အဖွဲ့သားများ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်း- ၇ က သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုကို ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) တပ်ရင်း ၇ မြင်းခြံခရိုင်နှင့် TRUE Fighter အဖွဲ့ တပ်ခွဲ (၃) တို့မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထားဝယ်-ရေဖြူလမ်းတွင် စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

တနင်္သာရီတိုင်း ထားဝယ်-ရေဖြူကားလမ်းရှိ မောင်မယ်ရှောင်ရွာနှင့် ဇီးကျရွာ ကြား တစ်နေရာတွင် ယနေ့ညနေပိုင်း မိုင်း ရှင်းလင်းရေး လုပ်နေ သည့် စစ် သားများ မိုင်းခွဲတိုက်ခိုက်ခံရကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၂ ရက်၊ ညနေ ၄ နာရီခွဲခန့်အချိန် မောင်မယ်ရှောင်ရွာဘက်မှ ခြေ လျင်လာ၍ မိုင်းရှင်းနေသည့်စစ်ကောင်စီတပ်သားများကို ပြည်သူ့ ကာ ကွယ် ရေးအဖွဲ့က မိုင်း ၁ လုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ၊ယင်းဖောက်ခွဲမှုကြောင့် စစ် ကောင် စီ တပ်သား(၂)ဦးမြေပြင်ပေါ်ကိုလဲကျသွားခဲ့ပြီး ထိခိုက် သေဆုံး မှု များ နိုင်သော်လည်းအတိကျတည်ပြုနိုင်ရန် စုံစမ်းနေကြောင်း ဒေသ သတင်း ရင်းမြစ်က ဆိုသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းမှ PDF များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article