20 C
Yangon

ပေါက်မြို့နယ်ရှိ စသိန်းရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်းတွင်လည်း မီးတင်ရှို့ခဲ့ပြီး ရွာလုံးကျွတ်ပြာကျ၊ ညောင်ရင်းရွာကိုလည်း မီးစရှို့နေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၃

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ စသိန်းရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ နံနက်ပိုင်းတွင်လည်း ထပ်မံ မီးရှို့ဖျက်ဆီးနေပြီး ရွာလုံးကျွတ် ပြာကျသွားကြောင်း ပေါက်မြို့နယ် မြောက်ပိုင်း ကျေးလက်ဒေသ ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်ခန့်မှ စတင်ကာ အကြမ်းဖက် စစ်တပ်က စသိန်းရွာကို ညသန်းခေါင်ချိန်ထိ မီးရှို့ဖျက်ဆီးခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက်အစောပိုင်းတွင်လည်း အကြမ်းဖက် စစ်တပ်က ထပ်မံ မီးရှို့ဖျက်ဆီးပြီးနောက် ကျေးရွာအတွင်းမှ ထွက်ခွာကာ လက်ရှိချိန်တွင် ညောင်ရင်းရွာကို ထပ်မံမီးရှို့နေကြောင်း သိရသည်။

” စစ်ခွေးတွေက စသိန်းရွာ မီးရှို့လို့ကုန်တော့ အခု ညောင်ရင်းရွာကို မီးစရှို့နေပြီ ညက ၁၂ နာရီလောက်ထိ စသိန်းရွာကို စစ်ခွေးတွေက မီးရှို့ခဲ့တာ အဲတာ အခုနံနက်ပိုင်းမှာ ကျန်တဲ့အိမ်တွေကို စစ်ခွေးတွေက ထပ်ပြန်ရှို့သွားတာ တစ်ရွာလုံး ကုန်သလောက်ဖြစ်နေပြီဗျ ညောင်ရင်းကိုလဲမီးစရှို့နေပြီ” ပေါက်မြို့နယ် မြောက်ပိုင်း ကျေးလက်ဒေသ ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက​ ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ပေါက်မြို့နယ် ကျွန်းတိုင်းရွာ မြောက်ဘက်၌ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် ဂွေးဂုဏ်ရွာနှင့် စသိန်းရွာ အကြားတွင်လည်း နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ ၃၅ မိနစ်မှ မွန်းတည့် ၁၂ နာရီ အထိ မိနစ် ၂၀ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ညနေ ၃ နာရီမှ ညနေ ၄ နာရီအချိန်အထိ တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲ ၃ ကြိမ်စလုံးတွင် စစ်တပ်ဘက်မှ စစ်သား ၁၁ ဦးသေဆုံးပြီး ၆ ဦး ထိခိုက် ဒဏ်ရာရရှိထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article