20 C
Yangon

ပေါက်မြို့နယ်ရှိ စသိန်းရွာကို ယနေ့ နံနက်ပိုင်းတွင် ထပ်မံမီးရှို့

Must read

ရန်ကုန်၊နိုဝင်ဘာ ၂၃

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ စသိန်းရွာကို စစ်တပ်က ယနေ့နံနက် ပိုင်းတွင် မီးထပ်ရှို့နေကြောင်း ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်များထံမှ သိရသည်။

ယနေ့ နံနက် ၇ နာရီ ၂၅မိနစ် အချိန်မှစတင်ကာ စသိန်း ရွာအား မီးရှို့နေခြင်းဖြစ်ပြီး နေအိမ်အလုံး၂၀ ထက်မနည်းလောင်ကျွမ်းနေကြောင်း သိရသည်။

ပေါက်မြို့နယ်အတွင်း ဝင် ရောက် နေသည့် စစ်ကြောင်း က ပေါက်မြို့နယ်၊ မြောက်ပိုင်း စသိန်း ကျေးရွာကို နိုဝင်ဘာ၂၂ နေ့ ညပိုင်းကတည်းက မီးရှို့နေခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် ထပ်မံမီးရှို့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ အကြမ်းဖက်စစ်ကြောင်းမှ မီးရှို့နေခြင်းဖြစ်ကြောင့် ပြည်သူများအားလုံး ညကတည်းက စစ်ဘေး ရှောင် ထွက်ပြေး နေရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များထံမှ သိရသည်။

စစ်ကောင်စီ စစ်ကြောင်းမှ ပေါက်မြို့နယ်အတွင် ရွာများကို မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေခြင်းကြောင့် ကျွန်းတိုင်းရွာ ဂွေးဂုဏ်ရွာ စသိန်းရွာ ခဲပင်အင်းရွာ ညောင်ရင်းရွာ ညောင်ပင်သာရွာများမှ ပြည်သူ ၅၀၀၀ကျော်ခန့် ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ဒေသခံများကပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article