20 C
Yangon

ကနီရှိ ပြည်သူ့ အခြေပြု ကျောင်းတွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပညာရေး စုံညီ ပွဲတော် ပြုလုပ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြု ကျောင်းတစ်ကျောင်း၌ ကြားကာလ ပညာသင်ကြားရေး စုံညီပွဲတော် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည့်သူ့အခြေပြု ကျောင်းတွင် KG မှ G-10 အထိ ပညာသင်ကြားပြသနေသော ဆရာ၊ ဆရာမ (၂၃) ဦးမှ ကျောင်းသား ကျောင်းသူပေါင်း ၄၇၀ ဦး ကို ပညာ သင် ကြားပေးလျက်ရှိကြောင်း၊ ပညာ အရည်အချင်း အကဲဖြတ်စစ်ဆေးခြင်း စာမေး ပွဲ များကို G-1 မှ G-10 ထိ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ပညာရည်ချွန် ဆုပေါင်း ၂၉ ဆုကို စုံညီပွဲတော်၌ ပေးအပ်ချီးမြင့်ခဲ့ကြောင်းသိရသည်။

ဆောင်းရာသီအားကစားပွဲတော်တစ်ခုကိုလည်း ကျင်းပပြုလုပ်ခဲ့ပြီးဘောလုံး ၊ ပြေး ခုန်ပစ် ၊ ထုတ်စည်းထိုး ၊ ခြင်းခတ် စသည့် အားကစားနည်း (၁၁) နည်းတွင် အားကစားထူးချွန်ဆု (၉၆)ဆုကို ပေးအပ်ချီးမြင့်နိုင်ခဲ့ကြောင်း၊ ပညာရေး စုံညီ ပွဲတော်၌ ကျောင်းသားမိဘပြည်သူပေါင်း ရာချီ တတ်ရောက်ကြပြီး ကျောင်း သားကျောင်းသူများမှ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article