ရန်ကုန်၊ နိုဝင်ဘာ ၂၃
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “ပေးဆပ်လိုက်ရတဲ့ သူရဲကောင်းတွေအတွက် ကောင်းရာသုဂတိလားပါစေတို့ RIP တို့ ပြောနေမည့်အစား တော်လှန်ရေးကို နှစ်ဆ သုံးဆ ပိုကြိုးစားပေးသင့်ပါတယ်” ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။