ရန်ကုန်၊ နိုဝင်ဘာ ၂၃
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ပျူစောထီး ၂ ဦးက လက်နက် ၃ လက်နှင့် ခဲယမ်း များ ယူဆောင် အလင်းဝင် လာ ကြောင်း မြိုင်ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့မှ ဗိုလ်င်္ကျာက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။
မြိုင်မြို့နယ်မှ ပျူစောထီးများဖြစ်ကြသည့် ကံလှကျေးရွာမှ ဖိုးချစ်နှင့် မရွေး ကုန်းကျေးရွာမှ ခိုင်ဇော်ဝင်းတို့ ၂ ဦးသည် ပခုက္ကူမြို့နယ်၊ ဘုန်းကံလမ်းခွဲ၊ ကောင်းစက် ဝိုင်းပန့်ဆိုင်အနီးတွင် စခန်းချစဉ် စစ်သား ၄ ဦးနှင့် ပျူစောထီး ၉ ဦးကို ထမင်းကြော် ထဲတွင် အိပ်ဆေးခတ်၍ အိပ်ပျော်သွားကြချိန် MA3 တစ် လက်၊ MA1 တစ် လက်၊ ကာဘိုင် ၁ တစ်လက် ကျည်ဘောက်၅ ခု ကျည်၅၈ တောင့် Carbine ဘောက် ၃ခု ၊ ကျည်၅၂တောင့် ဖြင့် မြိုင်မြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့၊ တပ်ရင်း ၁ ထံတွင် အလင်းဝင်ရောက်လာကြကြောင်း သိရှိရသည်။
မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အလင်းဝင်လာသည့် ပျူစောထီး ၂ ဦးကို တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀ ဖြင့် နှစ်ဦးအတွက် သိန်း ၁၀၀ ချီးမြှင့်ပြီး လွတ်လပ်စွာ နေထိုင်နိုင်သော နေရာသို့ ပို့ဆောင်လိုက်ကြောင်း၊ ထမင်း ကြော် ထဲတွင် အိပ်ဆေးထည့်မှု နည်းပါး၍ လက်နက် ၁၃ လက် မရရှိခဲ့ခြင်း ဖြစ် ကြောင်း ဗိုလ်လင်္ကျာက ပြောဆိုသည်။