“စစ်ကိုင်းတိုင်းထဲမှာ စကစတွေကနေရာအနှံ့ရှိပြီး သူတို့စစ်ကြောင်းထိုးချင်တဲ့ အချိန်ထိုးတယ်။ ပြည်သူတွေဆိုရင် ညဘက်မအိပ်ရဘဲ ပြေးရနေရတာတောင်ရှိတယ်။” မြောင် TGR အမျိုးသမီးဒရုန်းတပ်ဖွဲ့ ခေါင်းဆောင် ကျားခင်စိန် By ရန်ကုန်ခေတ်သစ် စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား နေ့စဉ်တိုက်ပွဲ တွေဖြစ် ပွားနေပါတယ်။အဲဒီလိုတိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေချိန်မှာ စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီး တွေအပါအဝင် လေကြောင်းကပါတိုက်ခိုက်လာတာကိုတွေ့ရပါတယ်။ ဒီလိုခြေအနေတွေမှာ ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့တွေက ဒရုန်းတိုက်ခိုက်မှအပါအဝင်ရရာ လက်နက်နဲ့ ခုခံတိုက်ခိုက်နေရပါတယ်။ အဲဒီထဲ ကမှ အမျိုးသားတွေနဲ့တန်းတူ တိုက်ပွဲဝင်နေတဲ့ မြောင် အမျိုးသမီးဒရုန်းတပ်ဖွဲ့လည်းပါဝင်ပါတယ်။ သူတို့တပ်ဖွဲ့တွေရဲ့ ဒရုန်းတွေဟာလည်း စစ်ကောင်စီရဲ့ တန်ပြန်ဲဒရုန်းတိုက်ခိုက်ရေး လက်နက်တွေကြောင့် ပျက်စီးမှုတွေလည်းရှိနေပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ မြောင် TGR အမျိုးသမီးဒရုန်းတပ်ဖွဲ့ ခေါင်းဆောင် ကျားခင်စိန်နဲ့ဆက်သွယ် မေးမြန်းထားပါတယ်။