26 C
Yangon

ခင်ဦး-ကန့်ဘလူ – ရေဦးမြို့နယ် အစပ်တွင် ရွာမီးရှို့နေသော စစ်တပ် စစ် ကြောင်း ကို PDF တပ်ပေါင်းစုများက တိုက်ခိုက်မှု စစ်သား ၄၀ ဦးခန့် သေ ဆုံးနိုင်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ကျေးရွာများကို မီးရှို့ထွက်လာသော စစ်တပ် စစ်ကြောင်းကို ခင်ဦးမြို့နယ်-ကန့်ဘလူမြို့နယ်နှင့် ရေဦး မြို့နယ်အစပ် တွင် PDF တပ်ပေါင်းစုများက စုပေါင်း တိုက် ခိုက်ခဲ့ရာ စစ်သား ၄၀ ဦးခန့် သေဆုံးနိုင်ကြောင်း HERO ARMY-KHIN U အဖွဲ့က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၂၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပင်စိမ်းခင်း ရွာကို ဝင်ရောက် စီးနင်းချိန်တွင် ဒေသခံ ကာကွယ်ရေးတပ်ပေါင်းစုများက မိုင်း ဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၄၀ ဦးခန့်သေဆုံးခဲ့ကြောင်းသိရသည်။

” ပင်စိမ်းခင်းရွာကို Mi 35 ရဟတ်ယာဥ်နဲ့ လာမပစ်ခင်တည်းက တိုက်ပွဲက တော် တော်လေးကို ပြင်းထန်နေတာ PDF တွေဘက်ကလည်း အဖွဲ့တွေ တော် တော်များ လိမ့်မယ်။ ကျန်တော်တို့ မိုင်းဆွဲသံ အကျယ်ကြီးတွေ ကြားလိုက်ရပြီး ပစ်သံခတ်သံတွေ တောက်လျောက်ကို ကြားရတော့တာပဲ။ ကျန်တော်တို့လည်း အဝေးကနေ ဆက်မကြည့်ရဲတော့ဘဲ တောထဲဝင်ပြေးကျတာပေါ့။ လေယာဥ်နဲ့ လာပစ်တော့ တိုက်ပွဲတော့က နည်းနည်း ရပ်သွားတယ်။ လေယာဥ်က ဆက် တိုက် ကို လှည့်ပစ်နေတာက စစ်ခွေးတွေကတော့ တော်တော် အထိနာတယ်လို့ ကြားတယ်။ အကောင်ရေ ၅၀ လောက်သေတယ်လို့တော့ ကြားထားတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပင်စိမ်းခင်းကျေးရွာမှ မုံလှကျေးရွာ အကြား ဖြတ်သန်းလာစဥ် PDF တပ်ပေါင်းစုများကို Mi 35 တစ်စီး၊ Fighter တစ် စီး ဖြင့်ပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက် ပျောက် ဆုံးမှု ရှိကြောင်း HERO ARMY-KHIN U အဖွဲ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းမှ PDF တပ်ဖွဲ့တပ်ရင်းတစ်ခု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article