29.8 C
Yangon

ဖားကန့်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူ ၁ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာ၊ ရေစကြိုတွင်လည်း စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကော်ဆန်မှော်ဘက်တွင် စစ်တပ်က လက် နက် ကြီးများဖြင့် ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၁၀ ဦးထက် မနည်း ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ ဖားကန့်မြို့နယ်၊ကောင်ဆန်မှော်အနီး တောင်ကော် ကျေးရွာဘက်သို့ စစ်တပ်က လက်နက် ကြီး များဖြင့် ပစ်ခတ်ရာ လက်နက်ကြီး ၅ လုံးကျေးရွာအတွင်း ကျရောက်ကြောင်း၊ လက်နက်ကြီးထိမှန်၍ ပြည်သူ ၁ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း၊ လက်ရှိတွင် စစ်တပ်က ဖား ကန့်မြို့နယ်တစ်ခုလုံးတွင် လှည့်ပတ် ၍ စစ်ကြောင်း ထိုးနေကြောင်း ဒေသ ပြည်သူများက ပြောသည်။

“ဖားကန့်ကောင်ဆန်မှော်၊ တောင်ကော်ကျေးရွာမှာ လက်နက်ကြီးကျတယ်။ ၅ လုံး ကျတာ အမျိုးသား ၁ ဦးသေတယ်။ ၁၀ ဦးဒဏ်ရာရတယ်။ အခု အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်း ကရင်ချောင်၊ ဟိန်းတင့် အဲဒီဘက်တွေကို စစ် ကြောင်းထိုးနေလို့ အားလုံး ထွက်ပြေးနေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၃ နာရီအချိန် မကွေးတိုင်း၊ ရေစကြို မြို့နယ်၊ မြေတော်ကျေးရွာကို စစ်တပ်က ဒရုန်းများဖြင့် ဗုံးကျဲသဖြင့် ပြည်သူ ၂ ဦးဒဏ်ရာရရှိကြောင်း ဒေသကာကွယ်ရေးတပ်က ပြောသည်။

“‌မနေ့ ညနေ ၃ နာရီက အရှေ့ဘက်ကမ်း ကနေ စစ်တပ်က ဒရုန်း နဲ့ဗုံး လာကျဲ သွားတယ်။ မြေတော်ရွာက ပြည်သူ နှစ်ဦး ဒဏ်ရာရပါတယ်” ဟု ဒေသ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က ယမန်နေ့ မြေတော်ကျေးရွာကို လာရောက် ဒရုန်းဖြင့် ကျဲချသည့် ဗုံး၏ အစများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article