ရန်ကုန်၊ နိုဝင်ဘာ ၂၄
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “အဓမ္မလူယုတ်တစု တရားမဲ့စွာ ဖျက်ဆီးနေတာကို ရပ်ကြည့်နေမယ်ဆိုရင် ကိုယ်လည်းဖျက်ဆီးမှုကို အားပေးနေတာနဲ့အတူတူပဲ” ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။