22 C
Yangon

စစ်တပ်ဘက်မှ ၄၀ နီးပါးသေဆုံးသော ခင်ဦး၊ မုံလှကျေးရွာ တိုက်ပွဲတွင် စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ရဲဘော် လှိုင်ဝင်း အပါအဝင် PDF ၆ ဦး တိုင်းပြည်အတွက် အသက်စွန့်သွား၊ အသက် ၇ နှစ်အရွယ်ကလေးငယ်အပါ အဝင် ပြည်သူ ၄ ဦး သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၄

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှကျေးရွာအနီးတွင် ယမန်နေ့ဖြစ်ပွားသော တိုက်ပွဲ တွင် စစ်တပ်ဘက်မှ ၄၀ နီးပါ းသေဆုံးသကဲ့သို့ စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ရဲဘော်လှိုင်ဝင်း အပါအဝင် PDF ရဲဘော် ၆ ဦး တိုင်းပြည် အတွက် အသက်ပေးလှူခဲ့ရကြောင်း PDF သတင်းရင်းမြစ်များက အတည်ပြု ပြောဆိုသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ စစ်တပ် စစ်ကြောင်းက ပင်စိမ်း ခင်း ရွာကို ဝင်ရောက် စီးနင်းချိန်တွင် ဒေသခံ ကာကွယ်ရေးတပ်ပေါင်းစုများက မိုင်း ဆွဲ ပစ်ခတ် တိုက် ခိုက်ခဲ့ပြီး စစ်သား ၄၀ ဦးခန့်သေဆုံးခဲ့ကြောင်း၊ ယင်းနောက် စစ်ရဟတ် ယာဉ် က ခင်ဦးမြို့နယ် မုံလှကျေးရွာအနီးသို့ လာရောက်ပစ်ခတ်ကြောင်း၊ စစ်ရဟတ် ယာဉ် ဖြင့် ပစ်ခတ်မှုတွင် ရဲဘော် လှိုင်ဝင်း အပါအဝင် ပြည်သူ့ကာကွယ်ရေး ရဲဘော် ၆ ဦးကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း၊ နွားကျောင်းသား အသက် ၇နှစ်ရွယ် ကလေး လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ပြည်သူ ၄ ဦး သေဆုံးခဲ့‌ကြောင်း သိရှိရသည်။

“မုံလှကျေးရွာကို လေကြောင်းတိုက်ခိုက်ခံမှုမှာ ရဲဘော် ၆ဦးကျပါတယ်။ ရဲဘော်လှိုင်ဝင်း ကျဆုံးတဲ့အထဲ ပါသွားပါတယ်။ နွားကျောင်းသား ၇နှစ်အရွယ် ကလေး လက်နက်ကြီးထိမှန်သေဆုံးပါတယ်။ ပြည်သူတွေ မနေ့က တစ်ရက် တည်း ၄ ဦးသေဆုံးပါတယ်” ဟု ခင်ဦးPDF သတင်းရင်းမြစ်က ပြောဆိုသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ခင်ဦးမြို့နယ် မုံလှကျေးရွာ မြောက်ဘက် တစ်မိုင် ခန့်အကွာတွင်ရှိသော ပင်စိမ်းကင်း ရွာ တောင်ဘက်၌ ကာဘိုးဘက်မှလာပြီး ကျောက်တိုင် ကျီစု ရွာများကို မီးရှို့ပြီး ထွက်လာသော စစ်တပ်အင်အား ၈၀ ခန့်ကို ရွှေဘိုခရိုင် တပ်ရင်း ၃နှင့် ဒေသခံကာကွယ်ရေး ပူးပေါင်းအဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ပြီး အပြန်အလှန် ပစ်ခတ်ခဲ့​ကြရာ စစ်တပ်ဘက်မှ အင်အား ဆယ်နှင့်ချီပြီး မိုင်းထိသေဆုံးကြောင်း သိရှိရသည်။

ယင်းနောက် စစ်တပ်က ရုရှားနိုင်ငံထုတ် MI35 တိုက်ခိုက်ရေး ရဟတ်ယဥ်ဖြင့် ယမန်နေ့ နေ့လယ် ၁ နာရီ ၅၀ မိနစ်မှ ၂ နာရီ ၅၃မိနစ်အထိ ၁ နာရီကြာ လေ ကြောင်းပစ်ခတ်ပြီး မြေပြင်မှလည်း စစ်ကြောင်းများက ဝင်ရောက် တိုက် ခိုက်ခဲ့ကြောင်း သိရှိရသည်။

စစ်တပ်၏ ပစ်ခတ်မှုကြောင့် PDF ရဲဘော် ၆ ဦးဖြစ်သည့်-
၁- ရဲဘော် တိုးတိုး
၂- ရဲဘော် ဝိုင်းချစ်
၃-ရဲဘော် အနိင်
၄​-ရဲဘော် ​အောင်​အောင်ဦး
၅- ရဲဘော် ချစ်ထူး
၆- ရဲဘော် လှိုင်ဝင်း ကျဆုံးခဲ့ကြောင်း ဒဏ်ရာရသူ PDF အများအပြား ရှိခဲ့ ကြောင်း သိရှိရသည်။

ထိုစစ်ကြောင်းကို စစ်ကူပေးရန် ခင်ဦးမြို့နယ်တောင်ဘက်ခြမ်း မီးပတ်ရှို့ပြီး ခင်ဦးမြို့ပေါ်ရောက်နေသော အင်အား ၈၀ခန့်ပါ စစ်ကြောင်းက ခင်ဦး အနောက် မြောက်ဘက် သို့ ဦးတည်ထွက်လာရာ ကံသာယာကျေးရွာ တောတဲတိုက် နတ် ကြီးကုန်း ထန်းတဲအုပ်စုတွင် ကျေးရွာကာကွယ်ရေး ရဲဘော်တစ်ဦးကို ခေါင်း ဖြတ် သတ်ဖြတ်ခဲ့ပြီး ၅တန်းကျောင်း သားတစ်ဦးကိုလည်း ပစ်ခတ် သတ်ဖြတ် ခဲ့ကြော်ငး၊ လက်နက်ကြီး ထိမှန်၍ မုံလှကျေးရွာမှ ဒေါ်မြ အသက်၅၀နှစ် သေ ဆုံးခဲ့ရပြီး ၇နှစ်ရွယ် နွားကျောင်းနေသည့် ကလေးငယ် တစ်ဦး သေဆုံးခဲ့ ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article